“လက်ရှိပေါက်ဈေးတွေက လကုန်ပိုင်းလောက် (စက်တင်ဘာလ) ဆိုရင်မရ တော့ဘူး။ ဒီအစိုးရနဲ့ (အာဏာရှင်အစိုးရ) ဒီအလုပ်က ရှေ့လျောက်မလွယ်တော့ဘူး” လို့ ကျားဖောင်လုပ်ငန်းရှင်ကပြောပါတယ်။
၉၊စက်တင်ဘာလ။
ကျားဖောင်လုပ်သားအင်အား လိုအပ်ချက်ဟာ ပင်လယ်ပြင်ထဲရောက်ရှိသွားတဲ့အချိန် အထိ ပြည့်မီခြင်းမရှိတဲ့အပြင် ကျားဖောင်လုပ်သားတွေရဲ့ လုပ်အားခငွေကြေးပမာဏဟာလည်း အရင်နှစ်တွေထက် ပိုမိုပေးနေရတယ်လို့ ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်က ကျားဖောင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
စက်တင်ဘာလ ပထမအပတ်ထဲမှာ ကျားဖောင်တွေဟာ ပင်လယ်ပြင်ထဲကို ထွက်ခွာသွားပေမယ့်လည်း လုပ်သားအင်အား အပြည့်အဝပါမသွားဘူးလို့ သူကဆက်ပြောပါတယ်။
“ကျွန်တော်ဖောင်အင်အားနဲ့ဆိုရင် လုပ်သားက ၃၀ ရာခိုင်နှုန်းလောက်ပဲရသေးတယ်”လို့ သူကဆက် ပြောပါတယ်။
၂၀၂၄ ခုနှစ်က ကျားဖောင်ဦးစီးတယောက်ရဲ့ လုပ် အားခဟာ ကျားဖောင်လုပ်ငန်းခွင်တရာသီအတွက် သိန်း ၂၀ ဝန်းကျင်ပေါက်ဈေးရှိခဲ့ပေမယ့်လည်း အခုနှစ်မှာတော့ ကျပ် ၃၅ သိန်းက ကျပ် သိန်း ၄၀ လောက်အထိမြင့်တက် သွားခဲ့ပါတယ်။
ကျားဖောင်နောက်လိုက်လုပ်သားတယောက်ရဲ့ လုပ် အားခကလည်း အရင်နှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် ကျပ် ၁၅ သိန်းလောက်ကနေ ကျပ်၂၅ သိန်းလောက် အထိ မြင့်တက်လာခဲ့ပါတယ်။ လုပ်သားခေါ်လာတဲ့ ပွဲစားကိုလည်း ၃ သိန်းလောက် ပေးရတယ်။ လုပ်သားလိုအပ်ချက်က ဒီနှစ်အဆိုးဆုံးပဲလို့ ကျားဖောင်လုပ်ငန်းရှင်က ပြောပါတယ်။
ဒီဈေးနှုန်းတွေဟာ ကျားဖောင်လုပ်ငန်းခွင်ရာသီအစဖြစ်တဲ့ စက်တင်ဘာလ ပထမအပတ်လောက်
က ဈေးနှုန်းတွေဖြစ်ပါတယ်။
“လက်ရှိပေါက်ဈေးတွေက လကုန်ပိုင်းလောက် (စက်တင်ဘာလ) ဆိုရင်မရ တော့ဘူး။ ဒီအစိုးရနဲ့ (အာဏာရှင်အစိုးရ) ဒီအလုပ်က ရှေ့လျောက်မလွယ်တော့ဘူး”လို့ ကျားဖောင်လုပ်ငန်းရှင်ကပြောပါတယ်။
ကျားဖောင်လုပ်သားတွေရှားပါးပြဿနာဟာ ပြည် တွင်းရေးအခြေအနေကြောင့် လုပ်သားအင်အားတွေ ဟာ ပြည်ပကိုထွက်ခွာသွားတာအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့က လုပ်သားလာရောက် တဲ့အခါ စစ်တပ်ရဲ့ အစ်အဆေးတင်းကြပ်တာတွေကြောင့်လို့ သူက ဆက်ပြေပါတယ်။
“လူတွေက တိုက်ပွဲတွေကြောင့် ပြေးကြလွှားကြနဲ့ တိုင်းဒေသကြီးတစ်ခုနဲ့ တစ်ခုသွားဖို့လာဖို့ကလည်း စစ်ဆေးရေးဂိတ်တွေက စစ်တာကြမ်း ၊ ငွေတောင်းတာကြမ်း ၊ ဒီကြားထဲ အပြောအဆိုမတက်တဲ့လူတွေ ဆိုရင် သူတို့က (စစ်တပ်) ကဖမ်းထားလိုက်ကြသေးတယ်”လို့ ကျားဖောင်လုပ်ငန်းရှင်က လုပ်သားရှားပါးတဲ့ ပြဿနာအခြေခံကို ရှင်းပြပါတယ်။
ကျားဖောင်လုပ်ငန်းရှင်တွေဟာ လုပ်သားရရှိဖို့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်အနှံ့က လူပွဲစားတွေနဲ့ ချိတ်ဆက်ထားကြရတာပါ။ ပျမ်းမျှအနေနဲ့ ဧရာဝတီငါးဖမ်းလုပ်ငန်းကွက်ဧရိယာမှာ ကျားဖောင် ၈၀၀၀ ဝန်းကျင်ရှိပြီး လုပ်သားလိုအပ်ချက် က ၂ သောင်း ၄ ထောင်ဝန်းကျင် လောက်ရှိနေပါတယ်။ ဒါတောင် သင်္ဘောလုပ်သား တွေမပါသေးပါဘူး။
ဒီအရေအတွက်ထဲမှာ ပင်လယ်ကမ်းခြေက ဒေသခံကျားဖောင်လုပ်သားဟာ ၁၀ ရာခိုင်နှုန်းလောက် သာပါဝင်ပြီးတော့ ကျန်ရှိတဲ့ ၉၀ ရာခိုင်နှုန်းလောက် က မြန်မာနိုင်ငံအနှံ့အပြားကနေ လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ရောက်ရှိလာကြတာလို့ ကျားဖောင် လုပ်ငန်းရှင်က ပြောပါတယ်။
ကျားဖောင်တဖောင်မှာ လုပ်သား ၃ ယောက်လိုအပ်
ပါတယ်။ သင်္ဘောတစီးအတွက်ဆိုရင် ပဲ့နင်း ၊ စက် ဆရာနဲ့ နောက်လိုက် ၄ ယောက်လိုအပ်တယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီငါးဖမ်းကွက် ၊ တနင်္သာရီငါးဖမ်းကွက် ၊ မွန်ငါးဖမ်းကွက် ၊ ရခိုင်ငါးဖမ်းကွက်ဆို ပြီး ငါးဖမ်းဧရိယာ လေးခုရှိပါတယ်။
ဧရာဝတီငါးဖမ်းကွက်ဧရိယာထဲကို ဖျာပုံမြို့နယ်ထဲက ခါးပြတ် ၊ ရွှေထီး ၊ ဗန္ဓာပင် ၊ ဖျာပုံမြစ်တန်း ၊ ဘုန်း ကြီးသောင် ၊ ချောင်းဝ ကျေးရွာတွေဆီကနေ ကျားဖောင်တွေအများဆုံး ထွက်ရှိပါတယ်။ ဒီလုပ်ကွက်မှာ ဆိုရင်တော့ ကျားဖောင်အရေအတွက်
ဟာ ၈ထောင်ဝန်းကျင်အထိ ရှိပါတယ်။