“ ဆိုင်ကယ်အမျိုးအစားပေါ်လည်း မူတည်သလို ၊ အဆက်အသွယ်ပေါ်လည်း မူတည်တယ်။ ပွဲစားလို လူတွေနဲ့ ချိတ်မိရင်တော့ ဘီယာဖိုး ၊ အရက်ဖိုးပါ ပိုကုန်တယ်” လို့ကျိုက်လတ်မြို့ပေါ်မှာ နေထိုင်သူက ပြော ပါတယ်။
၁၄၊ဩဂုတ်လ။
ဧရာဝတီတိုင်း ၊ ကျိုက်လတ်မြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့်ရရှိဖို့အတွက် အရပ်သားပြည်သူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကို လိုင်းကြေးအဖြစ် တလစာ ၃ သောင်းကျပ်ကနေ တနှစ်စာ ၁ သိန်းကျပ်အထိ ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကျိုက်လတ်မြို့နယ်မှာ မော်ဒယ်နိမ့် တရုတ်ဆိုင်ကယ်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ပူးပေါင်းပြီးကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန( က ည န) ရုံးက လိုင်စင်ထုတ်ပေးထားပေမယ့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တွေနဲ့ အခြား သော မော်ဒယ်အမြင့်ဆိုင်ကယ်တွေကိုတော့ လိုင်စင်ထုတ်ပေးခြင်းမရှိပါဘူး။
ဒါကြောင့် ဆိုင်ကယ်စီးနင်းလိုတဲ့ အရပ်သားပြည်သူတွေက ရဲတွေကိုလိုင်းကြေးပေးပြီးတော့ စီးနင်းနေ ကြရတာလို့ ကျိုက်လတ်မြို့ခံက ပြောပါတယ်။
“လိုင်းကြေးက ပေးရတဲ့နှုန်းတွေမတူဘူး။ ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ အဆင်ပြေသလိုပေးကြရတာ”လို့ ဒေသခံတဦးကပြောပါတယ်။
လိုင်းကြေးပေးတဲ့နေရာမှာ အချို့သောဆိုင်ကယ်ပိုင်ရှင်တွေက တလစာ ကျပ် ၃ သောင်းကနေ ကျပ် ၄ သောင်းအထိ ပေးဆောင်ရပြီး အချို့သောဆိုင်ကယ်ပိုင်ရှင်တွေကတော့ တနှစ်စာ ကျပ် ၅ သောင်းကနေ ကျပ် ၁ သိန်းအထိပေးဆောင်ရနေရပါတယ်။
“ဆိုင်ကယ်အမျိုးအစားပေါ်လည်း မူတည်သလို ၊ အဆက်အသွယ်ပေါ်လည်း မူတည်တယ်။ ပွဲစားလို လူတွေနဲ့ ချိတ်မိရင်တော့ ဘီယာဖိုး ၊ အရက်ဖိုးပါ ပိုကုန်တယ်”လို့ကျိုက်လတ်မြို့ပေါ်မှာ နေထိုင်သူက ပြော ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ သိန်း ၄၀ ဝန်းကျင်တန်ကြေးရှိတဲ့ Honda PCX ဆိုင်ကယ်စီးနင်း ခွင့်ရရှိဖို့အတွက် ရဲတွေကို နှစ်စဉ်ကြေး ၅ သောင်းကျပ် ပေးထားရတယ်လို့ ဆက်ပြောပါတယ်။
လိုင်းကြေးရယူထားတဲ့ ရဲတွေဟာ ဆိုင်ကယ်ပိုင်ရှင်တွေကို သူတို့ရဲ့ဖုန်းနံပါတ်တွေကို ပေးထားပါတယ်။
“မြို့နယ်ထဲ (ကျိုတ်လက်)မှာ အကြိုက်စီး ၊ ဖမ်းတာနဲ့ကြုံရင် လိုင်းကြေးပေးထားတာကို အကျိုးအ ကြောင်းပြောပြတာနဲ့ရတယ်။ မရတော့လည်း ရဲဆီဖုန်းဆက်ရတာပေါ့”လို့ မြို့ခံက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ရဲတွေကဧရာဝတီ တိုင်းနေရာအနှံ့နီးပါးမှာ ဖမ်းဆီး
နေတာပါ။