တရားရုံးရဲ့ အဆိုအရ ကင်မ့်ကို စွဲချက်တွေထဲမှာ သူဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဆက်စပ်ပြီး စတော့ဈေးကွက်လိမ်လည်မှု ၊ လာဘ်စားမှုကနေ တရားမဝင် ဩဇာလွှမ်းမိုးမှုတို့ ပါဝင်ပါတယ်။
၁၃ ၊ ဩဂုတ်လ ။
လာဘ်ပေးလာဘ်ယူမှု ၊ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတကတော်ဟောင်း ကင်မ်ကွမ်ဟီးဟာ ဩဂုတ်လ ၁၂ရက်နေ့က တရားရုံးမှာ အမှုကြားနာပြီးနောက် တခါတည်း ဖမ်းဆီးခံလိုက်ရပါတယ်။
ကင်မ်ဟာ တောင်ရီးယားသမိုင်းမှာ ပထမဆုံး ဖမ်းဆီးခံရတဲ့ သမ္မတကတော်ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ယွန်းဆပ်ယိုဟာ ၂၀၂၄ ဒီဇင်ဘာလက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာနဲ့ ပတ်သတ်လို့ ပြီးခဲ့တဲ့ ဧပြီလက ရာထူးကနေ ဖယ်ရှားခံရပြီးနောက် လက်ရှိ ဖမ်းဆီးအကျဉ်းကျခံနေရပါတယ်။
တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေဟာ သမ္မတကတော်ဟောင်း ကင်မ်ကွမ်ဟီးကို အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ဖမ်းဆီးဖို့ သြဂုတ် ၇ ရက်နေ့က တောင်းဆိုခဲ့တာပါ။
တရားရုံးရဲ့ အဆိုအရ ကင်မ့်ကို စွဲချက်တွေထဲမှာ သူဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဆက်စပ်ပြီး စတော့ဈေးကွက်လိမ်လည်မှု ၊ လာဘ်စားမှုကနေ တရားမဝင် ဩဇာလွှမ်းမိုးမှုတို့ ပါဝင်ပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ်က ခင်ပွန်းဖြစ်သူနဲ့အတူ NATO ညီလာခံတခု တက်ရောက်ချိန်မှာ ကင်မ်ဟာ အမေရိကန်ဒေါ်လာ ၄၃,၀၀၀ တန်ဖိုးရှိတဲ့ Van Cleef ဆွဲသီးကို ဝတ်ဆင်လာခဲ့တဲ့ ပတ်သတ်ပြီး ဥပဒေချိုးဖောက်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
အဆိုပါ ဆွဲသီးဟာ သူတို့ဇနီးမောင်နှံရဲ့ ဘဏ္ဏာရေးဆိုင်ရာ ပိုင်ဆိုင်မှု စာရင်းထဲမှာ မပါဘူးလို့ သိရပါတယ်။
စွဲချက်ထဲမှာ ကင်မ်ဟာ တန်ဖိုးကြီး အမှတ်တံဆိပ် Chanel အိတ်နှစ်လုံးနဲ့ စိန်လည်ဆွဲတခုကို ဘာသာရေးဆိုင်ရာ အဖွဲ့တခုဆီကနေ လက်ခံရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ကင်မ်ကတော့ အဆိုပါစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
သက်သေခံအထောက်အထားတွေကို ဖျက်ဆီးပစ်နိုင်တာကြောင့် ကင်မ်ကို ဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့တာလို့ အထူးအစိုးရရှေ့နေ့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က မနေ့က တရားရုံးအမှုကြားနာပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Ref – Reuters