ဧရာဝတီတိုင်းမှာ စားအုန်းဆီ မှောင်ခို ဈေးကွက်ကြီးထွားလာ


“ စစ်တပ်အာဏာသိမ်းပြီးကတည်းက ရွာတွေမှာက ဆန်နဲ့ဆီကို သက်သက်သာသာနဲ့ ဘယ်အဖွဲ့အစည်း ကမှ လာရောင်းချပေးတာမျိုး မရှိသေးဘူး မြို့ပေါ် ကုန်စုံဆိုင်ကြီးတွေက တက်ဈေးကျဈေးအရ ယူ ရောင်းတဲ့ရွာက ကုန်စုံဆိုင်လေးတွေမှာ ဆန်ကြမ်း တပြည် ၄၀၀၀ ကျပ်ကျော် စားအုန်းဆီ တပိသာကို ၁၈၀၀၀ / ၂၀၀၀၀ ကျပ်ပေးဝယ် စားနေရတယ်”လို့ ငပုတောမြို့နယ် ကျေးလက်ဒေသ နေထိုင်သူတဦး က ပြောပါတယ်။

၃၀၊ဇွန်လ။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီ နဲ့ ခရိုနီဆီကုန်သည် ကြီးတွေက စားအုန်းဆီ ရောင်းဝယ်မှုကို အကန့်အ သတ် နဲ့ ထိန်းချုပ်ရောင်းချလာတဲ့နောက်ပိုင်း စား အုံးဆီမှောင်ခိုရောင်းချမှု ကြီးထွားလာနေပါတယ်။
အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင်က ပြည်ပနိုင်ငံမှ စားအုံးဆီ တင်သွင်းရောင်းချမှုကို လျော့ချရမည် ပြောဆိုပြီး နောက်ပိုင်း စစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေက စစ်ကောင်
စီရဲ့ သတ်မှတ်ရည်ညွှန်းဈေးနဲ့ ရောင်းချမယ့် စားအုန်းဆီကုန်ချိန် ပမာဏကို သတ်မှတ်ကန့်သတ် ထိန်းချုပ်လိုက်ရာမှ ဧရာဝတီတိုင်းအတွင်းမှာ စားအုန်းဆီ မှောင်ခိုဈေးကွက် ကြီးထွားလာပါတယ်။

“လောက်လောက်ငှငှ ရောင်းချမပေးပဲ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ ဆီကုန်သည်ကြီးတွေက လက်ကား ဆိုင်ကြီးတွေကို မှောင်ခိုခိုးထုတ် ရောင်းတယ် ကျမ (ကျွန်မ) တို့က လက်လီလက်ကားဆိုင်တွေ မှာ ၂ဆ ကျော် ဈေးကြီးပေးဝယ်သုံးနေရတယ်” လို့ မြောင်းမြမြို့က ဆီကြော်မှုန့်မျိုးစုံ ထုတ်လုပ်ရောင်း ချသူတဦး က ပြောပါတယ်။

စစ်ကောင်စီ နဲ့ ခရိုနီ ဆီကုန်သည်ကြီးတွေက အသင်းက သူတို့အသင်းဝင်ထားတဲ့ လက်လီ လက်ကား ကုန်စုံဆိုင်များကို တဆိုင်၃ ရက်ခြား တကြိမ် စားအုန်းဆီ ပိသာ ၂၀ ထုတ် ပေးပြီး ရည်ညွှန်းဈေး တပိသာ ၆၇၀၀ ကျပ် ဈေးနှုန်း နဲ့ စားသုံးသူတွေထံ ရောင်းချခိုင်း ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုသိမ်မြို့ ဆီကုန်သည်ကြီးအသင်းကလည်း ပုသိမ်မြို့ အတွင်းက ဈေး တွေကို ၃ ရက် တကြိမ် အလှည့် ကျရောက်လာပြီး အိမ်ထောင်စု တစုကို ၁ပိသာ နှုန်းနဲ့ ဆီလာဝယ်သူ ၁၀၀ ဦး အထိသာ သတ်မှတ်ဈေးနှုန်း တပိသာ ၆၇၀၀ကျပ် နဲ့ ရောင်း ချပေးပါတယ်။

“ကုန်ချိန်ကန့်သတ်ပြီး ရောင်းပေးနေတော့ အလိုရှိတဲ့ လူတိုင်းစေ့ မရနိုင်တော့ဘူး ပြီး တော့ ကျပန်း အလုပ် လုပ် တဲ့ သူတွေ က ပုသိမ်မြို့က ဈေးတွေ ကို လှည့်လည် ပြီး စားအုန်းဆီ တန်းစီထုတ် ကုန်စုံ ဆိုင်တွေကို ပြန်သွင်းတဲ့ အလုပ်လုပ်ကြတယ် လေ တန်းစီဝယ်ဖို့အချိန် မပေးနိုင်သူတွေကတော့ ဈေးကြီးပေးဝယ်စားရတာပေါ့”လို့ အိမ်ရှင်မတဦးက ဆိုပါတယ်။

လက်လီလက်ကားကုန်စုံဆိုင်တွေက တဦးကို ၅၀ ကျပ်သားနှုန်းနဲ့ ၁၀ ဦးခန့်ကို သာ ရည်ညွှန်းဈေး တပိသာ ၆၇၀၀ ကျပ်နှုန်း နဲ့ ရောင်းချပေးပြီး တိတ်တ ဆိတ် ရောင်းချနေတဲ့ မှောင်ခို ဈေးကွက်မှာတော့ တပိသာ ၁၅၀၀၀ /၁၆၀၀၀ ကျပ်ဈေးဖြင့် လိုအပ်သလို ဝယ်ယူသုံးစွဲ နေရနေတယ် လို့ ပုသိမ်မြို့ ညဈေးအကြော်စုံ ရောင်းချနေသူ အချို့ထံကသိရပါတယ်။

ဧရာဝတီတိုင်း အတွင်းက မြို့ကြီးတွေ မှာ စစ်ကောင်စီ အဖွဲ့ နဲ့ ဆီကုန်သည်ကြီး များ အသင်း က ရည်ညွှန်း ဈေး နဲ့ စားသုံးသူ လိုအပ်ချက်ကို လုံလုံလောက်လောက် ရောင်းချ မပေးနိုင်တာကြောင့် စားအုန်းဆီ မှောင်ခိုဈေး ကွက် ဟာ မြို့ပြ နဲ့ ခရီးအကွာ အဝေးပေါ်မူတည်ပြီး တပိသာ ၂၀၀၀၀ ကျပ်ဈေး ဝန်းကျင်အထိ အရောင်းအဝယ် ဖြစ် နေပါတယ်။

“ စစ်တပ် အာဏာသိမ်းပြီး ကတည်းက ရွာတွေ မှာက ဆန်နဲ့ ဆီ ကို သက်သက် သာသာ နဲ့ ဘယ်အဖွဲ့အစည်း က မှ လာရောင်းချပေးတာမျိုး မရှိသေးဘူး မြို့ပေါ် ကုန်စုံဆိုင်ကြီး တွေက တက်ဈေး ကျဈေး အရ ယူ ရောင်းတဲ့ ရွာ က ကုန်စုံဆိုင် လေး တွေ မှာ ဆန်ကြမ်း တပြည် ၄၀၀၀ ကျပ်ကျော် စားအုန်းဆီ တပိသာ ကို ၁၈၀၀၀ / ၂၀၀၀၀ ကျပ်ပေးဝယ် စားနေရတယ်” လို့ ငပုတောမြို့နယ်ကျေးလက် ဒေသ နေထိုင်သူ တဦး ကပြော ပါတယ်။

ဧရာဝတီတိုင်းတွင် မြို့ပြဒေသ နဲ့ ကျေးလက်ဒေသ လက်လုပ်လက်စား ပြည် သူ အများစု မှာ စားအုံးဆီနဲ့ ဟင်း ချက် စားမှု ကို လျော့ချနေရပြီး အများအားဖြင့် စားဆီအသုံး အနည်းငယ် သာ အသုံးပြု ထည့်ချက်ရတဲ့ ဟင်း ရွက် နှင့် ငါး ချဉ် ရည်ဟင်း ၊ငါးပိရည်ကျို ၊ငရုတ်သီးစိမ်း ဆားထောင်း နဲ့ ဟင်းရွက်ပြုတ် တို့စရာကို အားပြုစားသုံးနေကြရပါတယ်။

လက်ရှိအခြေအနေ ကတော့ စစ်ကောင်စီ အုပ်ချုပ် ရေး အဖွဲ့က စားအုန်းဆီ ကို ဆီထုတ်စာအုပ် နဲ့ တအိမ် ထောင် ကို ၃ပတ်လျှင် ၅၀ ကျပ်သား နှုန်း သတ်မှတ် ကာ ရည်ညွှန်းဈေး ဖြင့်ထုတ်ရောင် ပေးမယ် စီစဉ်နေပေမယ့် လက် တွေ့ မှာ ရောင်း ချနိုင်ခြင်း မရှိသေးပဲ စားအုန်းဆီ မှောင်ခိုဈေးကွက် က ကြီးထွားနေဆဲ ဖြစ်ပါတယ်။

#ဧရာဝတီတိုင်းဒေသကြီး #စားအုန်းဆီ #မှောင်ခိုစျေးကွက် #ကြီးထွား #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH