ချောင်းသာ ခရီးစဉ်တွေပုံမှန်ပြေးဆွဲနေပေမဲ့ ခရီးသည်လျော့ကျလာတယ်လို့ဆို၊ ခရီးစဉ်ဖျက်သိမ်းမှုတွေလည်း ရှိနေ  

Photo – MOI (ပုံဟောင်း)

ဇန်နဝါရီ၊ ၁၄

ဧရာဝတီတိုင်းမှာ စစ်ရေးလှုပ်ရှားမှုုတွေ ပိုမိုမြင့်တက်လာချိန် ရန်ကုန်-ချောင်းသာအပန်းဖြေခရီးစဉ်တွေပုံမှန် ပြေးဆွဲနေတာ ရှိပေမဲ့ သွားရောက်လည်ပတ်သူ၊ယာဉ်လိုင်းစီးနင်းသူတွေကတော့ သိသိသာသာ လျော့ကျသွား တယ်လို့ အဲ့ဒီခရီးစဉ်စီစဉ်ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းတချို့က DNA ကိုပြောပါတယ်။

“အရင်လနဲ့ယှဉ်လိုက်ရင် ၁၀ ဆလောက်ကွာသွားပါတယ်။ လဆန်းပိုင်းကတောင်မှ ကားပေါ်လူအပြည့် ထွက် တာပါ ” လို့ ရန်ကုန် – ချောင်းသာ ခရီးစဉ်မှာ Express ကားမောင်းသူ တဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်ကစလို့ ချောင်းသာ ခရီးစဉ်ကို ပတ်ကေ့ချ်လိုက် ဝယ်ယူထားသူတွေကငွေဆောင် ခရီး စဉ်နဲ့ အစားထိုးပြောင်းလဲပေးဖို့ တောင်းဆိုတာ၊ကြိုတင်လက်မှတ်ဝယ်ယူထားတဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက် ကြတာမျိုးတွေရှိနေတာလို့ လုံခြုံရေးအရ ယာဉ်လိုင်းနာမည်မဖော်ပြစေလိုတဲ့ ယာဉ်လိုင်းမန်နေဂျာတဦးက ပြော ပါတယ်။

“ကားတွေက မထွက်ဘူးလားလို့ဆိုရင်တော့ ထွက်ပါတယ်။ လက်မှတ်တွေ ကြိုရောင်းထားတာတွေအတွက်က မ လာတဲ့သူတွေရှိပေမဲ့ လာတဲ့သူတွေလည်း ရှိတော့ ကားကတော့ ထွက်နေဆဲပါပဲ ” လို့ သူက ရှင်းပြပါတယ်။

တဆက်တည်းမှာပဲ ချောင်းသာ ခရီးစဉ်ဟာ ငွေဆောင်ဘက်ကိုပြောင်းသွားတာမျိုးတွေရှိပေမယ့်လည်းငွေဆောင် ဘက်မှာလည်း ပုံမှန်ကာလတွေနဲ့ယှဉ်ရင် ခရီးသွားဧည့်သည် လာရောက်မှုနည်းပါးတယ်လို့ ဆိုပါတယ်။

ရန်ကုန် – ချောင်းသာ ခရီးစဉ် လက်မှတ်ရောင်းချတဲ့ ကားဂိတ်တွေနဲ့ ပတ်ကေ့ချ်လိုက်စီစဉ်ပေးတဲ့ ကိုယ်စားလှယ် တွေဆီကို DNA က စုံစမ်းမေးမြန်းရာမှာ အများစုက သူတို့ကြေညာချက်တွေအတိုင်း လက်မှတ်ဆက်လက်ရောင်း ချနေပေမဲ့ ဘိုကင်ယူထားသူတွေ များနေတာကြောင့် မူလသတ်မှတ်ချက်ထက် ငွေကြေးပိုကုန်ကျနိုင်တယ်လို့ အ ကြောင်းပြန်တဲ့ ကိုယ်စားလှယ်တချို့လည်းရှိနေပါတယ်။

ချောင်းသာဒေသမှာလက်ရှိနေထိုင်နေတဲ့ ဒေသခံတဦးဖြစ်သူကိုဝင်းညွှန့်ကတော့ “ လာလည်တဲ့သူတွေတော့ရှိ ပါတယ်။ ဒါပေမယ့် အရမ်းနည်း တယ် လူတွေကိုရှင်းနေတာပဲ ” လို့ သူ့ဒေသအခြေအနေကို ပြောပြပါတယ်။

ချောင်းသာ ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကို တင်ထားကြတဲ့ ပို့စ်တွေမှာလည်း လာရောက် လည်ပတ်သူတွေ သိသိသာသာ လျော့နည်းသွားတယ်လို့ ရေးသားဖော်ပြကြတာတွေ့ရပါတယ်။

အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝန်းမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေပေမဲ့ ဧရာဝတီတိုင်းမှာတော့ တည်ငြိမ်နေခဲ့တာပါ။ဒါပေမဲ့ ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် တွေကို အာရက္ခတပ်တော် AA က သိမ်းပိုက်နိုင်ခဲ့တဲ့နောက် ဧရာဝတီတိုင်းကို စစ်မီးကူးစက်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါတယ်။

အထူးသဖြင့် ပုသိမ်မြို့နယ်နဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ် တောင်ဘက် အစွန်ဆုံးက ဂွမြို့ကို AA ကသိမ်းပိုက်နိုင် ပြီးနောက် စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း စစ်ရေးပြင်ဆင်မှုတွေတိုးချဲ့နေသလို ဂွမြို့နဲ့ ပုသိမ်မြို့နယ်အစပ် ဒေသတွေမှာ ပစ်ခတ်မှုတွေလည်းရှိနေပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်-ဧ ရာဝတီအစပ်ဒေသဟာ ချောင်းသာကမ်းခြေနဲ့ ကမ်းခြေပတ်လမ်းအတိုင်းတဆက်တည်းရှိနေတာဖြစ်ပြီး ရွှေ သောင်ယံမြို့မြောက်ဘက် အစွန်ဆုံးက မကျီးဇင်ဒေသဟာ ချောင်းသာနဲ့ အဖြောင့်တိုင်းရင် မိုင်သုံးဆယ် လောက်သာဝေးပါတယ်။

ဒီလိုစစ်ရေးသတင်းတွေအပြင် ဧရာဝတီ-ရခိုင်အစပ်က ဒေသခံတွေ ပုသိမ်၊သာပေါင်းစတဲ့ နီးစပ်ရာမြို့တွေဆီ စစ်ရှောင်လာကြတာ၊စစ်ကောင်စီက ပုသိမ် – ရန်ကုန် လမ်းကြောင်းအပါအဝင် ဒေသတွင်းမှာ စစ်ဆေးမှုတွေ တင်းကြပ်လာတာတွေ ရှိနေတယ်လို့လည်း ဧရာဝတီဒေသခံတွေက ပြောကြပါတယ်။

DNA က စုံစမ်းမေးမြန်းခဲ့တဲ့ ခရီးသွား အေဂျင်စီတွေကတော့ သူတို့ရဲ့ခရီးစဉ်တွေအတွင်း လမ်းတလျှောက် ကြုံရ နိုင်တဲ့ တင်းကြပ်မှုတွေကိုလျှော့ချနိုင်အောင် ပြင်ဆင်ထားသလို ခရီးသည်တွေကိုလည်း လိုအပ်တဲ့ အ ချက်အလက် တွေ အပြည့်အစုံယူဆောင်လာခိုင်းတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

ယာဉ်လိုင်းကတောင်းဆိုတဲ့ အချက်အလက်တွေ မပြည့်စုံရင် ကားလက်မှတ်ဝယ်လို့ရမှာ မဟုတ်ဘဲ ပြည့်စုံရင် တော့တင်းကြပ်တဲ့ စစ်ဆေးမှုတွေကို ကျော်လွှားနိုင်တယ်လို့ ဧရာဝတီ-ရန်ကုန် ခရီးစဉ်တွေပြေးဆွဲနေတဲ့ ယာဉ် လိုင်းတခုရဲ့ မန်နေဂျာကရှင်းပြပါတယ်။