အောက်တိုဘာ၊ ၁၂
တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ နောင်ချိုမြို့တွေထဲ စစ်ကောင်စီက မနေ့ကနဲ့ ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်တာကြောင့် ထိခိုက်သေဆုံးမှုအများအပြားရှိနေတယ်လို့ TNLA ထုတ် ပြန်ချက်နဲ့ ဒေသခံ သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်။
စစ်ကောင်စီဟာ မိုးကုတ် အရှေ့ပိုင်းနဲ့အနောက်ပိုင်း လူနေရပ်ကွက်တွေထဲ မနေ့ညသန်းခေါင်ဝန်းကျင်မှာ တိုက် ခိုက်ရေးလေယာဉ်တွေနဲ့ စုစုပေါင်းဗုံးငါးလုံးကြဲချခဲ့တာကြောင့် ဒေသခံကိုးဦးသေဆုံးကာ ကလေးတဦးအပါအဝင် ၁၃ဦးဒဏ်ရာတွေရခဲ့ကြတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲက လေးဦးဟာ မိုးကုတ် မြို့အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်ဒေသခံတွေဖြစ်ပြီး နောက်ထပ် သေဆုံးသူ ငါးဦးကတော့ မိုးကုတ်အနောက်ပိုင်းဒေသခံတွေလို့သိရပါတယ်။လူထိခိုက်သေဆုံးမှုတွေအပြင် နေအိမ် အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အလားတူ စစ်ကောင်စီဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာလည်း နောင်ချိုမြို့လယ်ကိုလေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ရာမှာ အရပ်သားတွေအများအပြားရှိနေတဲ့ လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက် ဒဏ်ရာရသူများတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောကြပါတယ်။
လန်းဆန်းလက်ဖက်ရည်ဆိုင်ဟာ မန္တလေး-မူဆယ် ပြည်ထောာင်စုလမ်းမကြီးဘေးမှာရှိပြီး ခရီးသည် တင်ကား တွေ ခရီးတထောက်နားလေ့ရှိတဲ့ဆိုင်ဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ဒီကနေ့ ဗုံးကြဲခံရမှုကြောင့် သေဆုံး၊ထိခိုက်သူဦးရေကိုတော့ အတိအကျမသိရသေးပါဘူး။
ဒီကနေ့ နေ့လယ် နောင်ချိုမြို့လယ်ဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့တော့ တအာင်းတပ် TNLA ဘက်က ထုတ် ပြန်လာတာမရှိသေးပါဘူး။စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နှစ်ရက်အကြာ နိုဝင်ဘာ ၁၀ရက် ညနေပိုင်းကလည်း နောင် ချိုမြို့ရဲစခန်း၊ဈေးရပ်ကွက်နဲ့ တောင်ရပ်ကွက်တို့ကိုအလားတူ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
နောင်ချိုနဲ့ မိုးကုတ်မြို့တို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်း-မန်း စစ်ဆင်ရေးကာလအတွင်း TNLA နဲ့ တ အာင်းတပ်တွေ သိမ်းပိုက်ခဲ့ကာ လက်ရှိအချိန်အထိ ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်ပါတယ်။
မိုးကုတ်မြို့နဲ့အနီး တဝိုက်မှာ လတ်တလောတိုက်ပွဲတွေမရှိတော့ပေမဲ့ နောင်ချိုနဲ့မိုင်အနည်းအကွာက တောင်ခမ်း ဘက်မှာတော့ စစ်ကောင်စီနဲ့ တော်လှန်ရေး မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်နေတာရှိပါတယ်။
နမခဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ပါသိမ်းပိုက်ခံလိုက်ရတဲ့ တော်လှန်ရေးတပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒု တိယလှိုင်း ထိုးစစ်တွေအပြီး စစ်ကောင်စီဟာ သူတို့လက်လွှတ်လိုက်ရတဲ့ မြို့၊ရွာဒေသတွေ အများအပြားကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေပါတယ်။