ရန်ကုန်မှာ သန်းခေါင်စာရင်းကောက်နေချိန် လုံခြုံရေးအကြောင်းပြ ဖမ်းဆီးငွေညှစ်မှုတွေရှိနေ 

Photo – စစ်ကောင်စီ

အောက်တိုဘာ၊ ၁၀

ရန်ကုန်တိုင်းအတွင်းမြို့နယ်တချို့မှာသန်းခေါင် စာရင်းကောက်တဲ့နေရာဝန်းကျင်တွေမှာ ဖြတ်သန်းသွားလာမိတဲ့ ဘေးတွဲဆိုင်ကယ်၊ ရိုးရိုးဆိုင်ကယ်နဲ့ ဘထ္တရီဘီးစီးလာသူတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့စစ်အုပ်စုက ဖမ်း ဆီးငွေညှစ်မှုတွေရှိနေတယ်လို့ မြို့ခံပြည်သူတွေဆီကသိရပါတယ်။

“စစ်သားက ဟန်ပြလောက်ပဲ။ရပ်ကွက်ထဲက တလောကမှခန့်ထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေက မြောက် ကြွ၊မြောက်ကြွနဲ့ဖမ်းတာ။တချို့ကောင်တွေဆိုရင်သူတို့ကိုယ်တိုင်ကဘေးတွဲမောင်းတာ၊အခုမှသန်းခေါင်စာရင်းကောက်လို့လုံခြုံရေးလိုက်နေရတာ”လို့ သင်္ဃန်းမြို့နယ်မှာနေထိုင်သူတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီဟာအခုလဆန်းကစလို့နိုင်ငံတဝန်းမှာသန်းခေါင်စာရင်းအချက်အလက်ကောက်ယူမှုတွေကိုပြုလုပ်နေပြီး ရန်ကုန်မြို့မှာတော့ လမ်းမကြီးတွေ၊လမ်းဆုံ၊လမ်းခွတွေအပါအဝင် လူနေရပ်ကွက်တွေထဲအထိ လုံ ခြုံရေးအဖွဲ့တိုးမြှင့်ချထားတာမျိုးတွေရှိနေပါတယ်။

အဲဒီလိုလုံခြုံရေးယူထားချိန်မှာ မသိဘဲမောင်းလာတဲ့ ဘေးတွဲဆိုင်ကယ်၊ ရိုးရိုးဆိုင်ကယ်နဲ့ ဘထ္တရီစက်ဘီးတွေကို တားဖမ်းကာ ပိုက်ဆံနဲ့ပြန်ရွေးခိုင်းတာတွေရှိနေတာလို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေကဆိုပါတယ်။

အဲဒီလိုသန်းခေါင်စာရင်းကောက်နေချိန်မှာ လမ်းဆုံ၊လမ်းခွတွေမှာ လုံခြုံရေးအပြည့်ချထားသလို၊ ရပ် ကွက်အ တွင်းလမ်းတွေထဲစစ်ကား၊ရဲကားတွေပတ်နေတယ်လို့လည်း ပြည်သူတချို့ကဆိုပါတယ်။

စစ်ကောင်စီက အောက်တိုဘာ ၁ရက်ကစပြီး သန်းခေါင်စာရင်းကောက်နေတာဖြစ်ပြီး ၁၅ရက်နေ့အထိကောက် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သန်းခေါင်စာရင်းကောက်ရာမှာလည်း ကောက်ယူသူအပေါ်မူတည်ပြီး ကြာမြင့်ချိန်ကွာခြားသလို နေ အိမ်တချို့ ချန်လှပ်ခဲ့တာ၊ လူမရှိတဲ့အိမ်၊အခန်းတွေမှာ ကောက်ယူပြီးဖြစ်ကြောင်း စတေကာကပ်သွားတာမျိုးတွေ  ရှိတယ် လို့လည်း ကိုယ်တိုင်ကြုံရသူတွေကပြောပါတယ်။

အခုသန်းခေါင်စာရင်းကောက်ယူမှုဟာ သူတို့ကျင်းပမယ့်ရွေးကောက်ပွဲမဲ စာရင်းမှန်ကန်စေဖို့လို့စစ်အုပ်စုက ကြွေးကြော်ထားသလို နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ရွေးကောက်ပွဲမဲစာရင်းမှန်အောင်ကြိုးစား နေတဲ့ပြယုဂ်အဖြစ် ထုတ်ဖော်ပြသဝါဒဖြန့်တာတွေလုပ်နေပါတယ်။

ဒါပေမဲ့ လက်ရှိမှာ စစ်မှုထမ်းဥပဒေသက်ရောက်မှုအပါအဝင် လူထုရဲ့မယုံကြည်မှုကြောင့် စစ်ကောင်စီ ရဲ့သန်း ခေါင်စာရင်းကောက်ယူသူတွေအနေနဲ့ အ ချက်အလက်အမှန်တွေမရနိုင်ဘူးလို့ ကိုယ်တိုင်ဖြေဆိုခဲ့သူ တွေနဲ့လေ့ လာစောင့်ကြည့်သူတွေကသုံးသပ်နေကြပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ခု နှစ်က ပြည် လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံတ ကာအဖွဲ့ အစည်းတွေကနည်းပညာနဲ့ တခြားအကူ အညီတွေပေးခဲ့တာရှိပေမယ့် အခုတကြိမ်မှာတော့အဲ့ဒီလိုအကူအ ညီ တွေရထားတာမရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီညွှန်ကြားချက်အရ မြေပြင်ကွင်းလာတဲ့ အချက်အလက်ကောက်ယူသူတွေဟာလည်း တော် လှန်ရေးအင်အားစုတွေရဲ့ သတိပေးထုတ်ပြန်ချက်တွေကြောင့် လုံခြုံရေးအရစိုးရိမ်မှုရှိနေပြီး အချက်အလက် အမှန်ရရေးထက် သူတို့ရဲ့တာဝန်မြန်မြန်ဆန်ဆန်ပြီးဆုံးသွားဖို့ကိုသာ ဦးတည် လုပ်ကိုင်နေရတဲ့အခြေအနေလို့ ရန်ကုန်မြို့ခံတချို့ကပြောပါတယ်။