စစ်တွေမှာ အမျိုးသမီး၊ ကလေးတွေပါ မချန် လိုက်ဖမ်းနေတဲ့ စစ်ကောင်စီ

Photo – Social Media

စက်တင်ဘာ၊ ၁၅

စစ်ကောင်စီဟာ စစ်တွေမြို့ပေါ်ရပ်ကွက်အချို့မှ အမျိုးသမီး၊ ကလေးငယ်တွေအပါအ၀င် လူခြောက်ဆယ်၀န်းကျင်ကို ဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်ကြာတဲ့ ဒီနေ့ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ငါးဆယ်၀န်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစက်တင်ဘာလ ၁၃ ရက် ညနေပိုင်းမှာ စစ်တွေမြို့ ရွှေပြား၊ မိဇံ၊ မော်လိပ်ရပ်ကွက်တို့အတွင်း ရောက်လာကာ အိမ်တွေထဲ ၀ငျရောကျဖမျးဆီးသှားခဲ့တာလို့ ဆိုပါတယ်။

“ဧည့်စာရင်းစစ်ဖို့ဆိုပြီး ၀ငျဖမျးတာတဲ့၊ ဘာအကြောင်းမှ မရှိဘဲ ဖမ်းတာ၊ ဖမ်းခံရသူတွေက အကုန်စစ်တွေမြို့က လူတွေ၊ ခုထိ ပြန်မလွှတ်သေးဘူးကြားတယ်”လို့ စစ်တွေမြို့မှာ နေထိုင်သူသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေ၊ လသားအရွယ် ကလေးငယ်တွေနဲ့ အသက်ခြောက်ဆယ်၀န်းကျင် သက်ကြီးပိုင်းအချို့လည်း ပါ၀င်ပြီး ရွှေပြားရပ်ကွက်မှ ဖမ်းဆီးခံရသူအများဆုံးဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာလည်းတိတိကျကျမသိရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကစစ်တွေမြို့အနှံ့ ကားတွေနဲ့ လှည့်လည်ကာ လူနေအိမ်တွေကို ၀ငျစဈ၊ ဖမ်းဆီးတာတွေ နေ့စဉ်ရက်ဆက်လုပ်နေတာ နှစ်ပတ်၀န်းကျင်ရှိနေပြီလို့ မြို့တွင်းနေထိုင်သူတွေက ပြောပါတယ်။

“အခုနောက်ပိုင်း နေ့တိုင်း ကားနဲ့ ပတ်တယ်၊ မနေ့ကလည်း ဒီဖက် ၀ငျစဈသေးတယျ”လို့ စံပြရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဧည့်စာရင်းအကြောင်းပြ ၀ငျဖမျးတာတှအေပွငျ အိမ်ထဲ ၀ငျရောကျ၊ မွှေနှောက်ကာ ရွှေ၊ ငွေ၊ ပစ္စည်းတွေကို ယူသွားတာတွေပါ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က စက်တင်ဘာ ၁၄ ရက်နေ့ကလည်း စစ်တွေမြို့နယ် ကျားမသောက်ရွာထဲရှိလူနေအိမ်အချို့ကို ၀ငျရောကျစဈဆေးကာ ငွေသားနဲ့ ရွှေအချို့ လုယူသွားခဲ့တယ်လို့ ဆိုပါတယ်။

“သေတ္တာတွေအကုန်ဖွင့်ပြီး တွေ့တဲ့ပိုက် ဆံ ၁၅ သိန်းနဲ့ ရွှေယူသွားတာ၊ လူကိုတော့ မဖမ်းသွားဘူး၊ သူတို့ လုပ်သလို လုပ်တာ ခံနေရတာပဲ”လို့ ကျားမသောက်ရွာသားစစ်ရှောင်တဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကလည်း စစ်တွေမြို့ ဘုရားကြီးကွင်းအနီး ရွာကြီးမြောက်ရပ်ကွက်မှ လူတရာကျော်ကို လမ်းပေါ်ထွက်ထိုင်ခိုင်းကာ အဲဒီထဲမှ လေးဆယ်ဝန်းကျင်ကို ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလကုန်တုန်းကလည်း စစ်တွေမြို့နယ် ဗျိုင်းဖြူတရွာလုံးရှိပြည်သူတွေရာချီကို ဖမ်းဆီးခဲ့ပြီး လူ ၇၆ ဦးကို ရွာထဲ သတ်ဖြတ်ကာ ရွာသား ၂၃၀ ကျော်ကို မတရားအသင်းနဲ့ ဆက်စပ်တယ်လို့ဆိုကာ ထောင်ဒဏ်သုံးနှစ်စီ ချထားပါတယ်။ 

စစ်ကောင်စီဟာ စစ်တွေမြို့နယ်အတွင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ တကြိမ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စက်တင်ဘာ လဆန်းကတည်းက မြို့တွင်း ကင်းလှည့်၊ လူဖမ်းတာတွေ ပိုလုပ်လာခဲ့တာဖြစ်ပြီး မြို့ပတ်လည်မှာလည်း စစ်စခန်းတွေ တိုးချထားခဲ့ပါတယ်။

အဲဒီလိုအဖမ်းအဆီးတွေ ဆက်တိုက်ရှိနေပြီး မြို့ပြင်ထွက်ခွင့် ပိတ်ပင်ခံထားရတဲ့ စစ်တွေမြို့ထဲ ကျန်နေသူတွေဟာ ဖမ်းဆီးခံရမယ့်အရေး စိုးရိမ်နေကြရသလို စား၀တ်နေရေးအကြပ်အတည်းနဲ့လည်း ကြုံနေကြရတယ်လို့ ပြောပါတယ်။

စစ်တွေမြို့မှာ ဆန်ကြမ်း တအိတ် တသိန်းကျော်၊ စားဆီတလီတာ တသောင်း၊ ဓါတ်ဆီ တလီတာ ၁၆၀၀၀၊ မီးသွေးတအိတ် လေးသောင်းခွဲထိ ရှိနေတယ်လို့ ဆိုပါတယ်။

” ထင်းဆိုလည်း တစ်ထောင်ဖိုး ထမင်းတစ်လုံး(အိုး) မကျက်ဘူး၊ ထမင်းတနပ်စာမှာ ထင်းသုံးထောင်ဖိုးလောက်ကုန်တယ်၊ ထင်းစရိတ် တရက် ခြောက်ထောင်”လို့ စစ်တွေမြို့မှာ မိသားစု၀င် ငါးဦးနဲ့အတူနေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်တွေမြို့အနီးပတ်လည်ရှိ ကျေးရွာပေါင်းတဆယ်ကျော်မှ ပြည်သူတွေကို မြို့တွင်းသို့ အတင်းအကြပ် ရွေ့ပြောင်းထားတဲ့ စစ်ကောင်စီတပ်ဟာ မြို့ပတ်လည်ရွာအားလုံးမှာ စစ်စခန်းတွေချထားပြီး ပတ်လည် ချောင်းတလျှောက်မှာလည်း မိုင်းတွေ ထောင်ထားပါတယ်။

ဒါ့အပြင် မြို့တွင်းကျန်နေသေးတဲ့ ပြည်သူတွေကိုလည်း မြို့ပြင်ထွက်၊ တိမ်းရှောင်ခွင့် လုံး၀မပေးဘဲ ပိတ်လှောင်ထားတာပါ။

စစ်ကောင်စီဟာ ရခိုင်ဒေသတွင်း တိုက်ပွဲတွေစကတည်းက စစ်တွေမြို့ကို အဝင်အထွက် ကန့်သတ်ခဲ့တာဖြစ်ပြီး မြို့တွေတခုပြီးတခုလက်လွှတ်လာရချိန်မှာတော့ ဝင်ထွက်ခွင့်လုံး၀မပေးတော့ဘဲ ပိတ်ထားခဲ့တာဖြစ်ပါတယ်။ 

အခုအခါ စစ်တွေမြို့တွင်းမှာ လူဦးရေသုံးပုံတပုံလောက် ကျန်နေနိုင်နေသေးတယ်လို့ မြို့ခံတွေက ခန့်မှန်း ပြောဆိုကြပါတယ်။

ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်မြို့နယ် ဆယ်ခုကို သိမ်းထားပြီး ရခိုင်ပြည်နယ်တခုလုံးကို ထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ နယ်စပ်မြို့ မောင်တောကို အပြီးသတ်သိမ်းနိုင်ဖို့ ကြိုးစားနေပြီး ပြည်နယ်တောင်ပိုင်းရှိ ဂွ၊ တောင်ကုတ်မြို့နယ်တို့မှာလည်း ထိုးစစ်တွေ တပြိုင်တည်း လုပ်နေပါတယ်။