အကျပ်အတည်းအောက်က လူထုအတွက် ဆန်တပြည် ၊ ကြက်ဥတကဒ် ငွေတရာ September 4, 2023 သတင်းဆောင်းပါး စက်တင်ဘာ၊ ၄ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ အထွေထွေ အကျပ်အတည်း တွေကြားမှာ အခြေခံလူတန်းစား တွေအတွက် အခြေခံစားကုန်တွေကို ငွေကျပ် ၁၀၀ နဲ့ ရောင်းချပေးတဲ့ လှူဒါန်းမှု အစီအစဉ်တွေ ပြန်လုပ်လာကြပါတယ်။ ဆန်တပြည်ကို ငွေကျပ် ၇၀၀၀ ပတ်ချာလည် ရှိနေချိန်မှာ အခြေခံလူတန်းစားတွေကို ကူညီလိုသူတွေက ငွေကျပ် ၁၀၀ နဲ့ ရောင်းချပေးတာကြောင့် လိုအပ်လိုသူတွေ များပြားပေမယ့် လှူဒါန်းပေးနိုင်သူတွေမှာလည်း အကန့်အသတ်တွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့လထဲမှာလည်း ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ထဲမှာရှိတဲ့ အနှေးယာဉ်လုပ်သားတွေကို ဆန်တပြည် ငါးပိတဗူး ငွေတထောင်ကျပ်နဲ့ အလှူရှင်တချို့က ရောင်းချပေးခဲ့တာကို တွေ့ရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့မှာလည်း ရန်ကုန်မြို့၊ သင်္ဃန်းမြို့နယ်မှာရှိတဲ့ Aladdin Men Fashion ဆိုင်က အသက် ၆၀ ကျော် အဖိုးအဖွားတွေကို ဆန်ပြည် ငွေတရာကျပ်၊ ကြက်ဥတကတ် ငွေတရာကျပ်နဲ့ အယောက် ၃၀၀ စာ ရောင်းချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ် တတိယလှိုင်း ကာလမှာဆိုရင်လည်း အလှူရှင်တချို့က ရန်ကုန်မြို့က ဆင်ခြေဖုံး ရပ်ကွက်တွေမှာ အခြေခံစားကုန်တွေကို တန်ဖိုးနည်းငွေနဲ့ ရောင်းချပေးတဲ့ ပြည်သူမှ ပြည်သူသို့ ဆိုတဲ့ အစီအစဉ်တွေ ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုအောက်မှာတော့ ငွေလဲလှယ်နှုန်းတွေ မြင့်တက်တာ၊ ငွေကြေးဖောင်းဖွတာတွေရဲ့ နောက်ဆက်တွဲ ရိုက်ခက်မှုတွေမှာ သက်ရောက်မှုများစွာ ရှိခဲ့သလို လူထု နေ့စဉ် စားသောက်ဝယ်ယူနေတဲ့ အခြေခံစားကုန်တွေဟာလည်း တရိပ်ရိပ် မြင့်တက်လာခဲ့ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကတော့ စီးပွားရေး တိုးတက်နေကြောင်း မိန့်ခွန်းတိုင်းမှာ ထည့်ပြောနေသလို ကုန်ဈေးနှုန်းတက်တာ ဈေးကစားသူတွေကြောင့်လို့ အမြဲလိုလို စွပ်စွဲပြစ်တင်လေ့ ရှိကြပါတယ်။ ဓာတ်ပုံ – ခွန်ရိပ်ဟိန်း Aladdin Men Fashionကုန်စျေးနှုန်းဆင်ခြေဖုံးအခြေခံလူတန်းစား
စီးပွားရေးကဏ္ဍ အရန်ဆန်အိတ် ငါးသောင်းရောင်းပေးမယ့် အစီအစဉ် အခြေခံလူတန်းစားတွေနဲ့ အလှမ်းဝေး August 5, 2023 စီးပွားရေးကဏ္ဍ သြဂုတ် ၊ ၅ ဆန်ဈေးနှုန်းထိန်းချုပ်ဖို့လို့ဆိုကာ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က အရန်ဆန်အိတ်ငါးသောင်း ဩဂုတ် ၇ ရက်မှာ စတင်ရောင်းချပေးမယ်လို့ ထုတ်ပြန်ထားပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ အလှမ်းဝေးနေ တယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ဆန်ကုန်သည်တချို့ကပြောပါတယ်။ ပြည်တွင်းမှု စားသုံးမှုများတဲ့ ဆန်လေးမျိုးကို [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ မုန်တိုင်းဝင်တော့မယ့်ရခိုင်မှာ စားသောက်ကုန်၊ မုန်တိုင်းကာကွယ်ရေးပစ္စည်းနဲ့ ကားခတွေဈေးတက် May 13, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၃ အင်အားပြင်းဆိုင်ကမုန်တိုင်း မိုခါဝင်ဖို့ ရှိနေတဲ့ ရခိုင်မှာ အခြေခံစားသောက်ကုန်တွေ၊ မုန်တိုင်းဒဏ်ကာကွယ်ရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ကားခတွေ အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ မုန်တိုင်းဝင်နိုင်တဲ့ စစ်တွေအပါအဝင် အနီးတဝိုက်မြို့နယ်တွေက ဒေသခံတွေဟာ မြောက်ဦး၊ ကျောက်တော်၊ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံတကာရေးရာ အင်ဒိုနီးရှား စစ်တပ်ရဲ့ လက်နက်တိုက် မီးလောင်မှုဖြစ်ပွား April 1, 2024 နိုင်ငံတကာရေးရာ ဧပြီ၊ ၁ အင်ဒိုနီးရှား နိုင်ငံမှာ လက်နက်ရုံတခု အပြင်းအထန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ စစ်တပ်က ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျကာတာ မြို့တော် ဆင်ခြေဖုံးမှာ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ [ဆက်လက်ဖတ်ရှုရန်]