မလှိုင်မှာ ပျူစောထီးနဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်လို့ ရှစ်ဦးသေတယ်လို့နွားထိုးကြီး PDFပြော

ဩဂုတ်၊ ၁

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်၊သက္ကယ်ကျင်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစော ထီးတွေကို ကာကွယ်ရေးတပ်တွေ စီးနင်းတိုက်ခိုက်လို့ စစ်သားသုံးဦးနဲ့ ပျူစောထီး ငါးဦးသေဆုံးတယ်လို့ နွားထိုး ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

ပျူစောထီး အဖွဲ့ဝင်တွေ အခြေချလေ့ရှိတဲ့ သက္ကယ်ကျင်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်နဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ကျေးရွာစာသင်ကျောင်းတို့ကို ဇူလိုင် ၂၉ရက် ညနေပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေက တပြိုင် တည်း တိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။

“စစ်ကောင်စီတပ်စွဲထားတဲ့ကျောင်းကိုလည်း ကျွန်တော်တို့ကတိုက်ခိုက်တယ်၊ဒီပျူစောထီးတွေနေတဲ့ ဒီဥက္ကဌ အိမ်ကိုလည်းကျွန်တော်တို့က ဝင်ရောက်တိုက်ခိုက်တယ်၊နှစ်ဖွဲ့ခွဲပြီးတိုက်ခိုက်တာဗျ၊စစ်သား ဟိုဟာပေါ့နော် စစ် ကောင်စီဘက်က စခသုံးကောင်ပွဲချင်းပြီးသေတယ်၊ကျန်တဲ့ဒဏ်ရာရတဲ့သူတွေတော့ရှိသေးတယ်ကြားတယ်” လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေ ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေကတော့ သက္ကယ်ကျင်းရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDFတွေက လုပ်လုပ်စိန်ပြောင်းနဲ့ စတင်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြကြပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုမရှိပေမယ့် PDF တွေက ပြန်လည်ဆုတ်ခွာချိန်မှာ ကျေးရွာအတွင်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော်မတီဝင် တဦးအပါအဝင် ရွာခံခြောက်ဦးသေဆုံးတယ်လို့ ဖော်ပြကြပါတယ်။

နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကတော့ သေဆုံးတွေဟာ သက္ကယ်ကျင်းကျေးရွာ အုပ် ချုပ်ရေးမှူးရဲ့ မိသားစုဝင်တွေ၊နီးစပ်သူတွေဖြစ်ပြီး အမျိုးသမီးသုံးဦးပါဝင်တယ်လို့ DNA ကိုအတည်ပြုပါတယ်။

“တကယ်တမ်းပြောရမယ်ဆိုရင် အဲ့ဒီသေသွားတဲ့မိန်းကလေးသုံးယောက်ကလည်းသူတို့မိသားစုဝင် တွေနဲ့သူတို့ တပည့်ပဲ”လို့နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း)၊ မလှိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ နွားထိုးကြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်​ပီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာအင်အား ၂၀၀ကျော်ပါတဲ့စစ်ကြောင်းဟာ မလှိုင် တောင်သာ၊နွားထိုးကြီးကျေးရွာအစပ်က သစ်တောကြိုး ဝိုင်းတဝိုက်ကို စစ်ကြောင်းထိုးနေတာကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ သိရပါ တယ်။

“ဒီကနေ စစ်ရေးအရှိန်မြှင့်လာမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ပေါ့ လမ်းသွားလမ်းလာလေးတွေမှာ ကား ဘေးချ မောင်းပေးဖို့နဲ့ ဒီစစ်ကောင်စီယာဥ်တန်း ၊ကားနဲ့စစ်ကြောင်းထိုးနေတဲ့ နေရာလေးတွေနဲ့ ဝေးဝေးမှာ နေ ပေးဖို့ပြောချင်ပါတယ် ” လို့ နွားထိုးကြီး မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။