ဇူလိုင်၊ ၄
ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့၊ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းက ရဲတချို့နဲ့ပျူစောထီးတွေ တိုက်ခိုက်ခံ ရ လို့ သေဆုံးမှုတွေရှိပြီးနောက် စစ်ကောင်စီက ဒေသခံတွေက ဖမ်းဆီးမှုတွေလုပ်နေပြီးလက်ရှိအထိ ရှစ်ဦးထက် မ နည်း ဖမ်းဆီးခံထားရတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း တာဝန်ရှိသူတဦးကပြောပါတယ်။
ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနဲ့ ရဲစခန်းအနီးမှာ ဝိုင်းဖွဲ့နေတဲ့ ရဲနဲ့ပျူစောထီးတွေရှိရာ လောင်းကစားဝိုင်းတို့ကို အခုလ ၁ရက် ညပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပြီးနောက် အရပ်သားတွေကို ဆက် တိုက်ဖမ်းဆီးနေတာလို့သူကပြောပါတယ်။
“အဓိကကတော့ ကာကွယ်ရေးတပ်တွေကို မနိုင်လို့ ပြည်သူတွေကိုဖမ်းတဲ့သဘောပါပဲ ၊ မကြောက်ကြောက် အောင်လုပ်တာလည်းပါတယ်၊အစစ်ဆေးတွေလည်း ခုထိကြမ်းနေတုန်း” လို့သာယာဝတီခရိုင်PDF တပ်ရင်း တာဝန်ရှိသူကပြောပါတယ်။
လက်ရှိအထိ အတည်ပြုထားနိုင်တဲ့စာရင်းတွေအရ စစ်ကေင်စီကဖမ်းဆီးသွားသူတွေဟာ ဇီးဖြိူကုန်းတိုက်နယ် အတွင်းက ပေါက်တောစုကျေးရွာအုပ်စု ၊အောင်မင်္ဂလာရွာက မခင်ညိုမြင့်၊ ကိုမြတ်မင်းစိုး၊ မအိအိအောင်၊ မမိုးကြီး၊ ကိုစိုးနိုင် ထွန်း၊ ဦးမြင့်ကြိုင် သားအဖ နှစ်ဦးနဲ့ မဝတ်ရည်ဆိုသူ တို့ဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီဒေသခံတွေကို စစ်ကောင်စီက မနေ့က ညပိုင်းမှာ ဖမ်းသွားတာဖြစ်ပြီး ဘာကြောင့်ဖမ်းတယ်၊ဘယ်မှာ ဖမ်းဆီး ချုပ်နှောင်ထားတယ်ဆိုတာတွေကိုမသိရသေးဘူးလို့ ဆိုပါတယ်။
ဇီးဖြူကုန်းတိုက်နယ်ဟာ လက်ပံတန်းမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းအနီးမှာ တည်ရှိတာဖြစ်ပါတယ်။ လက်ပံတန်းဒေသအခြေစိုက် PDF တပ်ရင်းရဲ့ အခုလ ၁ရက် ညပိုင်းက တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက် အောက်ခံရဲနှစ်ဦးနဲ့ ပျူစောထီးနှစ်ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောထားပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက ဇီးဖြူကုန်း ရဲစခန်း အနီးတဝိုက်နဲ့ လက်ပံတန်းမြို့နယ်အဝင် အထွက်တွေမှာ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်ကာ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတာကြောင့် နောက် ထပ် ဖမ်းဆီးခံထားရသူတွေ ရှိနိုင်သေးတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း တာဝန်ရှိသူကဆိုပါတယ်။