စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနှုတ်ထွက်ဖို့ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေး

ဇွန် ၊ ၁၀

မကွေးတိုင်း၊ မင်းလှမြို့နယ်အတွင်း ရပ်ကွက်နဲ့ ကျေးရွာ (၇၀) ကျော်ကစစ်ကောင်စီလက်အောက်ခံ အုပ် ချုပ်ရေးမှူးတွေ တလအတွင်း နှုတ်ထွက်ကြဖို့ မင်းလှ မြို့ နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတိ ပေးထုတ်ပြန်လိုက်ပါတယ်။

“အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ငန်းတွေ လည်ပတ်နိုင်အောင်၊တနည်းအားဖြစ် အခု ဖြစ်ပျက်တဲ့ နိုင်ငံအနှံ့က လူမျိုးတုန်းသတ်ဖြတ်မှုတွေ အပါအဝင် နည်း မျိုးစုံ အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေကို ဒီလူတွေက အားပေး ထောက်ခံ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ဒါမျိုး တွေ မလုပ်ကြဖို့၊စစ်ကောင်စီနဲ့မပူးပေါင်းကြဖို့ သတိပေး နှုတ် ထွက်ခိုင်းရခြင်းဖြစ်ပါတယ်” လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရန်ကြီးအောင် က ပြောပါတယ်။

အဲ့ဒီသတိပေးချက်ကို ထုတ်ပြန်တဲ့ ဇွန်လ ၉ရက်ကစလို့ တလအတွင်း နှုတ်ထွက်ခြင်း မပြုဘဲ စစ်ကောင်စီရဲ့ လက် အောက်မှာ ဆက်လက်ပူးပေါင်းလုပ်ဆောင်နေတဲ့ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို နိုင်ငံတော်သစ္စာ ဖောက်အဖြစ် သတ်မှတ်ပြီး အရေးယူမှုတွေလုပ်မယ်လို့ဆိုပါတယ်။

 “သတ်မှတ်ကာလအတွင်း နှုတ်ထွက်ကြမယ်၊ ပြည်သူလူထုဘက်က ရပ်တည်မယ်ဆိုရင်တော့ကြိုဆိုမှာပါ၊ အဲလို မျိုးမဟုတ်ပဲ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်နေမယ်ဆိုရင် အဲဒီလူပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင် ချက် ပေါ့၊စစ်ကောင်စီနဲ့ ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီး အရေးယူဆောင် ရွက်မှုတွေကို နည်းလမ်းတကျ လုပ်ဆောင်သွားဖို့ရှိပါတယ်”လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ က ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီအလိုကျ ပူးပေါင်းဆောင်ရွက်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ၇၆ ဦးအထိ ရှိနေ ပြီး အဲဒီလူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ဓါတ်ပုံတွေကို ရရှိထားတယ်လို့လည်း အဲ့ဒီတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ထားတဲ့ စာရင်းထဲမှာ မင်းလှမြို့ပေါ်က အုပ်ချုပ်ရေးမှူးတွေ၊ တိုက်နယ်ကျေးရွာက အုပ်ချုပ်ရေးမှူး တွေ၊ အုပ်စု အုပ်ချုပ်ရေးမှူးတွေ ပါဝင်နေပြီး ကျန်ရှိနေတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ စာရင်းတွေကိုလည်း ထပ်မံထုတ် ပြန်သွားမယ်လို့ဆိုပါတယ်။

မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ မေလအ တွင်း မင်းလှမြို့နယ်၊ မဒိုင်းကျေးရွာက ပျူစောထီးခေါင်းဆောင်နဲ့မီးလောင်ကုန်းကျေးရွာက ပျူစောထီးတဦးကို ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ မင်းလှမြို့နယ်အတွင်းက လူပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို ရရှိထားပြီး ထောက် လှမ်းစစ်ဆေးမှုတွေ ထပ်မံပြုလုပ်ကာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိပါက အဲဒီလူတွေကို ရှင်း လင်းသုတ်သင်သွားမယ်လို့ မဟာမိတ်ပူးပေါင်းတပ်တွေက မေလ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။