ဧပြီ၊ ၆
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက PDF စခန်းတစ်ခုကို ဧပြီလ ၅ ရက် မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီက လေ ကြောင်းကနေ စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်တွေဘက်က လေးဦး ဒဏ်ရာရသွား တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။
ပုလဲမြို့နယ်နဲ့မြိုင်မြို့နယ်အစပ် က ပန်းရွာအနီးမှာရှိတဲ့ M7 People Defense Army စခန်းကို စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်သုံးစီးနဲ့ ပစ်ခတ်ကာ ပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီးနဲ့ စစ်အင်အားတွေ လေကြောင်း ကချပြီး စီးနင်းခဲ့တာလို့ ဆိုပါတယ်။
“ရဟတ်ယာဥ် သုံးစီးနဲ့ ကနဦးလာပစ်ပြီး နောက်ထပ်နှစ်စီးနဲ့ ယမားချောင်းဘေးမှာ လူလာချသွားတယ်၊စခန်းက ရဲဘော်တွေကလည်း ပြန်ပစ်ခတ်ကြတယ်၊ရဲဘော်လေးဦး ထိခိုက်ဒဏ်ရာရတယ်၊ သေဆုံးတာတော့ မရှိဘူး၊ အခု လက်ရှိ စစ်ကောင်စီစစ်ကြောင်းက ပုလဲမြို့နယ် ပန်းရွာဘက်ကို လာနေလို့ ဒေသခံတွေ ရှောင်နေကြရတယ်”လို့ ပုလဲမြို့နယ်အခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်က M7 People Defense Army ရဲ့စခန်းကို နေရာအတိအကျ လေကြောင်းက လာရောက်စီးနင်း တိုက်ခိုက်တာဖြစ်လို့ စခန်းကိုစွန့်ခွာခဲ့ရပြီး တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရတယ်လို့သာ လက်ရှိအထိသိရပြီး နောက် ထပ်ထိခိုက်ဆုံးရှုံးမှုအခြေအနေတွေကိုအသေးစိတ်မသိရသေးပါဘူး။
“ရွာကလူတွေကတော့ လတ်တလောမှာ အကုန်စစ်ဘေးရှောင်နေကြရတာပေါ့၊အရင်တုန်းက သူတို့ (စစ်ကောင် စီရဟတ်ယာဥ်)လာရင်ရွာပေါ်ကဖြတ်ပျံသွားကြတာ၊အခုက အကုန်လိုက်ပစ်နေတော့ ဒေသခံတွေက ဘေးလွတ် ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်”လို့ ဒေသခံရွာသားတဦးက ဆိုပါတယ်။
အဲ့ဒီစီးနင်းမှုနဲ့ပတ်သက်လို့ သတင်းတချို့မှာတော့ M7 People Defense Army က တပ်ဖွဲ့ဝင်ခြောက်ဦးအဆက် အသွယ်ပြတ်နေတယ်လို့ဖော်ပြကြတာတွေလည်းရှိပေမယ့် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေ ကတော့ ဒီအခြေအနေမျိုး မကြားမိသေးဘူးလို့ပြောပါတယ်။
စခန်းစီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့ M7 People Defense Army တပ်ဖွဲ့တာဝန်ရှိသူတွေကို DNA ဆက်သွယ်ဖို့ကြိုးစား နေဆဲဖြစ်ပါတယ်။အဲ့ဒီ စခန်းကိုစီးနင်းတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ ပြန်လာခေါ်သွားတယ်လို့ သိရပါတယ်။