စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးတွင်ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာစစ်တပ်ရဲ့ ရဟတ်ယာဉ်ကို ရွှေပြည်အေးမြို့သစ်မှာ မြို့လယ်ခေါင်မှာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဟုမ္မလင်းပြည့်သူ့ကာကွယ်ရေးအဖွဲ့က DNA ကိုပြောပါတယ်။
” ဒီကနေ့ညနေပိုင်း သူတို့ဘက် လေကြောင်းရော၊ ကုန်းကြောင်းရော စစ်ကြောင်းထိုးလာတယ်။
Mi35 တစီးက အနီးကပ်ပစ်ခတ်ဗုံးကျဲသွားတယ်။ အဲဒီမှာ နောက်ထပ်လာတဲ့ စစ်ကူဖြစ်မှာပေါ့ Mi 17 ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပစ်ချလိုက်တာ၊ မြို့လယ် မြမြင့်မိုရ်ထမင်းဆိုင်နားမှာပဲ ကျည်ထိပြီးပျက်ကျသွားတယ်။ အခုချိန်ထိလည်း တိုက်ပွဲကပြင်းထန်နေတုန်းပဲ” လို့ ဟုမ္မလင်းပြည့်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒီကနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား နဲ့ပျူစောထီး အယောက် ၂၀ ထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါ တယ်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့သစ်ကို ဖေဖော်ဝါရီ ၂ရက်နေ့ကစပြီး ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း မြို့ပေါ်မှာတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတာဖြစ်ပါတယ်။
လက်ရှိမှာ ရွှေပြည်အေးမြို့မှာ ရှိတဲ့စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို စစ်အုပ်စုက ဟုမ္မလင်းမြို့ပေါ်ကို ရွေ့ပြောင်းထားသလို PDF ဖက်ကလည်း မြို့ကိုဆက်လက် သိမ်းပိုက်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာလည်း ရွှေပြည်အေးမြို့သစ်က ဒေသခံတွေက မြို့ပေါ်ကိုပြောင်းရွှေ့နေထိုင်ကြတာတွေလည်းရှိနေတယ်လို့ လည်း စစ်ရှောင်နေရတဲ့ဒေသခံတွေကပြောပါတယ်။