ကချင်ပြည်နယ် ဖားကန့်-မြစ်ကြီးနားသွား ကားလမ်းပိုင်း တစ်နေရာမှာ စစ်တပ်က ကွန်မန်ဒိုထောက်လှန်ရေး အ ရာရှိ ဗိုလ်ကြီး တဦးကို မိုးကောင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ UG BLACK K အဖွဲ့က ဖမ်းမိခဲ့တယ်လို့ အဲ့ဒီ အဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
ဗန်းမော်မြို့အခြေစိုက် တပ်မ ၄၇ က ဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင် ဆိုသူကို ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ လယ်ပိုင်းမှာဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“သူ့ကိုကျွန်တော်တို့ သတင်းလိုက်နေတာကြာပြီပေါ့၊သူကားနဲ့လာတဲ့အချိန်ကို စောင့်ပြီးဖမ်းခဲ့တာပါ၊ ကျွန် တော် တို့ အင်အားသုံးဖမ်းလိုက်တဲ့အတွက် ပစ်ခတ်မှုတွေဘာတွေမရှိခဲ့ဘူး၊သူ့ဆီက ကား၊ဖုန်းနဲ့ အချက်အလက် တွေရ လိုက်တယ်။သူကထောက်လှမ်းရေးအပိုင်းဆိုတော့ လက်နက်မကိုင်ဘူးဗျ၊ သူ့ကို တခါတည်း ကျွန်တော်တို့ ရှင်း လိုက်တယ် ” လို့ UG BLACK K အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဗိုလ်ကြီး ပိုင်သူစိုးဆိုသူဟာ ကချင်ပြည်နယ်အတွင်း ကားသမားဟန်ဆောင်ပြီး ထောက်လှမ်းရေးတွေလုပ်နေ သလို သူကြောင့် ဖမ်းဆီးခံရသူတွေရှိပြီး မိန်းခလေးတွေကိုလည်းမုဒိမ်းပြုကျင့်တာတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါ တယ်။
အဲ့ဒီအခြေအနေတွေကိုတော့ DNA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ “သူ့ကို စစ်ဆေးမေးမြန်းချိန်မှာ သူအကုန်ဝန်ခံသွားပါတယ်၊သူကို တိုက်ရိုက်ညွန်ကြားနေတာကလည်း နေပြည် တော်က လုပ်နေတာလို့ပြောတယ်၊အခုထုတ်ပြန်ထားတဲ့ပုံတွေကလည်း သူဖုန်းထဲက ရတဲ့ပုံတွေပါ ” လို့ UG Black Kအဖွဲ့တာဝန်ရှိကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ခမရ/၈၂၈မှာဗိုလ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒွန်ဘန်အကျဉ်း ထောင် မှူးအဖြစ်ပြောင်းရွေ့ လုပ်ကိုင်နေတဲ့ ဗိုလ်ကြီးကိုင်ဇာလျန်ဆိုသူကိုလည်း ဖမ်းဆီးရှင်းလင်းခဲ့တယ်လို့ UG BLACK K အဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။