စာရေးဆရာ ဦးထင်လင်းဦးနဲ့ ဒေါက်တာ အာကာမိုးသူတို့ပြန်လွတ်လာ

အာဏာသိမ်းကာလ အစောပိုင်းကတည်းက စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ စာရေးဆရာ ဦးထင်လင်ဦးနဲ့ CDM ပညာရေးဝန်ထမ်းအရေး လုပ်ဆောင်ခဲ့သလို သပိတ်စစ်ကြောင်းတွေမှာလည်း ပါဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ အာကာမိုးသူတို့ ဒီကနေ့ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

စစ်တပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိတဲ့ စာရေး ဆရာ ထင်လင်းဦး(Wisdom Villa)ကို စစ်တပ်က အာဏာ သိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆူပူအောင် လှုံ့ဆောင်မှုပုဒ်မ ၅၀၅(က)နဲ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ လ မှာ ထောင်သုံးနှစ်ချမှတ်ခဲ့တာပါ။

ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနက ပါမောက္ခတဦးဖြစ်သလို ဒဂုံတက္ကိသိုလ်ဆရာများ သမဂ္ဂကိုစတင် တည်ထောင်ခဲ့သူ၊အာဏာသိမ်းပြီးနောက် CDMလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးလည်းဖြစ်တဲ့ ဒေါက် တာအာမိုးသူကိုတော့  စစ်ကောင်စီက ၂၀၂၁ခုနှစ် မတ်လမှာ သပိတ်စစ်ကြောင်းထွက်ဖို့ပြင်ဆင်နေချိန် ဖမ်းဆီး ခဲ့တာပါ။

ဒေါက်တာအာကာမိုးသူကိုလည်း စစ်ကောင်စီတရားရုံးက ပုဒ်မ ၅၀၅၀(က)အရ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၉ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။