ပဲခူးတိုင်း အနောက်ပိုင်း၊ ပန်းတောင်းမြို့နယ် ရခိုင်ရိုးပေါ်က ပြည်-တောင်ကုတ်ကားလမ်းမမှာ ဒီဇင်ဘာ (၂၀)ရက် နေ့လယ်ပိုင်းက ခြောက်ဘီး ကားနှစ်စီး တောင်တက်လမ်းပေါ်ကပြုတ်ကျလို့ ကားမောင်းသူ အမျိုးသားတဦး သေဆုံးပြီး နှစ် ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက DNAကို ပြောပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့ကနေထွက်လာတဲ့ ခြောက်ဘီးကားတစီးရခိုင်ရိုးပေါ်မှာပျက်သွားလို့ နောက်ထပ် ခြောက် ဘီးကားတစီးကကူဆွဲပေးရာက ဥသျှစ်ပင်မြို့အကျော် ဆင်လံရွာအနီးက အဆင်းမှာ တောင်တက်လမ်း ပေါ်က နေ နှစ်စီးဆင့်ပြုတ်ကျခဲ့တယ်လို့သိရပါတယ်။
နှစ်စီးဆင့်ပြုတ်ကျခဲ့တာကြောင့် ကားပေါ်ပါအမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရလို့ ပြည်ဆေးရုံကြီးကို ပို့ပေးခဲ့ပြီး တခြားအမျိုးသားတဦးကတော့ ကားအောက်ပိပြီးကယ်ဆယ်ဖို့ အခက်အခဲဖြစ်နေလို့ ပြည်လူမှုကယ်ဆယ်ရေး အ သင်း ကိုကူညီရှာဖွေပေးဖို့ မိသားစုကအကြောင်းကြားလာခဲ့တယ်လို့ဆိုပါတယ်။
ပြည်လူမှုကယ်ဆယ်ရေးအသင်းက ည(၉)နာရီဝန်းကျင်မှာ ကူညီရှာဖွေပေးပြီးနောက် ည၁၁နာရီဝန်းကျင်မှာ အဲ့ဒီ အမျိုးသားကို ကားအောက်ကသေဆုံးလျက်ပြန်ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။ဒဏ်ရာရ အမျိုး သားနှစ်ဦးက တော့ ပြည်ဆေးရုံကြီးမှာ မစိုးရိမ်ရအနေအထားရှိနေတယ်လို့ ပြည်လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ဝင်က ဆိုပါတယ်။
ရခိုင်ပြည်နယ်နဲ့ မန္တလေး၊ရန်ကုန်တို့ကို ဆက်သွယ်ထားတဲ့ အမ်း-မင်းဘူးလမ်း၊ တောင်ကုတ်-ပဒေါင်း လမ်းတွေ ဟာ ကျဉ်းမြောင်းပြီး လမ်းတွေလည်းကြမ်းတာကြောင့် ကားတိမ်းမှောက်မှုတွေမကြာမကြာ ဖြစ်လေ့ရှိ တယ်လို့ လည်းသိရပါတယ်။