မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် မြို့နယ်တွေက စစ်ရှောင်စခန်းတွေ အပါအဝင်ကချင်ပြည်နယ် ထဲက စစ် ရှောင်စခန်းတွေကို လာမယ့် ၂၀၂၃မှာ ပိတ်သိမ်းဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိ သူတချို့က DNA ကိုပြောပါတယ်။
စစ်ရှောင်စခန်းတွေပိတ်သိမ်းဖို့အတွက် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စစ် ကောင်စီလက်အောက်ခံစုပေါင်းရုံးကနေအစည်းအဝေးခေါ်တာ၊သဘောထားမေးမြန်းတာတွေရှိတယ်လို့လည်းစစ်ရှောင်စခန်းတာဝန်ရှိသူတွေကပြောပါတယ်။
“ကျွန်တော်တို့ကို မူရင်းနေရပ်ပြန်မလား၊ ပြန်လည်တူထောင်ရေးလား ၊ဒါမှမဟုတ် တပိုင်တနိုင် ကိုယ်ထူ ကိုယ် ထလားပေါ့၊အဲ့သုံးမျိုး ရွေးချယ်ခိုင်းတယ်၊ကျွန်တော်တို့ပလနစစ်ရှောင်စခန်းမှာက ရပ်ဝေးကလူတွေ များ တော့ ပြန်လည်ထူထောင်တဲ့ဘက်ကို ရွေးတာ များတယ်”လို့ လူဦးရေ နှစ်ထောင်ကျော်ရှိတဲ့ ပလန စိန်ဂျိုး ဇက်စစ် ရှောင်စခန်း တာဝန်ရှိ သူတဦးက ပြောပါတယ်။
လက်ရှိမှာတော့ ပလနစစ်ရှောင်စခန်းမှာနေထိုင်သူတွေဟာပြန်လည်ထူထောင်ရေးကျေးရွာဖြစ်တဲ့ ငွေပျော်စံပြ ကျေးရွာအနီးမှာ စစ်တပ်ကဖမ်းဆီးမှုတွေရှိနေတဲ့အတွက်ရွေ့ပြောင်းဖို့အတွက်ကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ကို ဖောင်ဖြည့်ခိုင်းတယ် ကျွန်တော်တို့က ဒီစခန်းမှာပဲနေမယ်ဆိုတာမရှိဘူး၊ မူရင်းဒေသ ဘက်ကို ပြန်တဲ့လူများတယ်” လို့ လူဦးရေ ခြောက်ရာကျော်ရှိတဲ့ ဇီးလွန်၊လယ်ကုန်းစစ်ရှောင်စခန်းက တာဝန်ရှိသူတ ဦး ကလည်းပြောပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။
“နေ့စားအလုပ်ခေါ်တာလည်း သိပ်မရှိတော့ဘူး၊ နေ့စားသွားရင်လည်း နေ့စားခက မတက်ဘူး ကုန်စျေးနှုန်းက အရမ်းတက်နေတယ်၊ညဘက်မှာဖမ်းဆီးမှုတွေများလို့ အလုပ်ချိန်နည်းနည်းပဲလုပ်ရတယ်”လို့ စစ်ရှောင်စခန်း မှာ နေထိုင်သူတဦးက ပြောပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ စစ်တပ်တို့ကြား ဆယ်စုနှစ်နှစ်ခုနီးပါးကြား အပစ်အခတ်ရပ်စဲခဲ့ပြီး နောက် ဦးသိန်းစိန်အစိုးရခေတ် ၂၀၁၁ခုနှစ်အတွင်း တိုက်ပွဲတွေပြန်ဖြစ်ကြရာက အာဏာမသိမ်းခင် NLD အစိုးရ လက်ထက်အထိ ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရတဲ့ စစ်ရှောင်တသိန်းကျော်ရှိခဲ့တာပါ။
အဲ့ဒီတုန်းကတည်းကKIA ထိန်းချုပ်နယ်မြေထဲမှာရော စစ်တပ်ထိန်းချုပ်နယ်မြေထဲမှာပါ စစ်ဘေးရှောင် စခန်း တွေ ရှိ နေခဲ့တာပါ။
အဲ့ဒီစစ်ရှောင်တွေ နေရပ်ပြန်ရေးအတွက် NLD အစိုးရခေတ်မှာကတည်းက ပြည်ပ အဖွဲ့အစည်းတွေရဲ့ အကူ အညီ နဲ့ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ကချင်စစ်ရှောင်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ်အ ဆုံးသတ်နိုင်ဖို့ စီစဉ်ခဲ့ ကြတာပါ။
ဒါပေမယ့် ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ကချင်စစ်ရှောင်တွေ နေရပ်ပြန်ရေး ရပ်ဆိုင်းသွားသလို KIA နဲ့ စစ်တပ်တို့ကြား ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက်ကလည်း ပိုမို များပြားလာနေပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းစစ်ဘေးရှောင်ရသူတွေ သိန်းနဲ့ချီတိုးလာတဲ့ အကြောင်း ကုလသမဂ္ဂကကပြောဆိုထားတဲ့အထဲမှာ ကချင်ပြည်နယ်ကစစ်ဘေးရှောင်တွေလည်း ပါဝင်ပါတယ်။ အာဏာ သိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ပိုမိုပြင်းထန်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်ပြန်ဖို့ အတွက် စိုးရိမ်နေကြတဲ့ ကချင်စစ်ရှောင်တွေလည်း အများအပြားရှိနေပါတယ်။
ကချင်စစ်ရှောင်တွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ်အတွင်း တပ်မတော်အနေနဲ့ မိုင်းရှင်းပေးမယ်လို့ စစ်ခေါင်းဆော င်မင်းအောင်လှိုင်က ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ်(KBC)ခေါင်းဆောင်တွေနဲ့ ၂၀၂၀ ခုနှစ်အတွင်း တွေ့ဆုံ ချိန်မှာ ကတိပေးခဲ့ဖူးပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက် KIA နဲ့ စစ်တပ် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်လာချိန်မှာတော့ ကချင်ဒေသခံ အရပ်သားတွေကို စစ်တပ်က အကြောင်းအမျိုးမျိုးပြဖမ်းဆီးတာတွေရှိနေသလို KBC ဥက္ကဌအဖြစ် မင်းအောင် လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖူးတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်ကိုလည်း စစ်တပ်က အခု လအတွင်း ဖမ်းဆီးထားပါတယ်။