ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်၊ရေကြည်အိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Young Defence Power Force က ဒီကနေ့ အောက်တိုဘာ (၂၄)ရက်နေ့လယ်ပိုင်းမှာလက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ပထမ ဖောက်ခွဲမှုလုပ်ထားတဲ့ ရေကြည်အို င်ရုံးမှာ အမှတ်မထားပဲ အကြောတင်းပြီး ရပ် ကွက်ပြည်သူအပေါ်ပိုမိုအမြတ်ထုတ်၊ဧည့်စာရင်းကြေးတိုးကောက်တာမျိုးအပြင်အခြားသော အနိုင်ကျင့်ဗိုလ်ကျမှု့များအတွက်ရယ်၊ငါတို့မြို့အတွက်ငါတို့ရှိနေသေးတယ်။စစ်တပ်နယ်မြေဖြစ်နေတိုင်း စောက်ဂရုစိုက်နေမှာ မဟုတ် ကြောင်း သွေးမအေးသေးကြောင်း သိစေလိုတဲ့ အတွက်ပါ”လို့ Young Defence Power Force အဖွဲ့တာဝန်ခံက ပြောပါတယ်။
ရေကြည်အိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ တလဝန်းကျင်အတွင်း နှစ်ကြိမ် ဗုံးပစ် တိုက် ခိုက်ခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တာဘာ ၃၀ ရက်မှာလည်း အဲ့ဒီအဖွဲ့ကပဲ ပုံစံတူတိုက်ခိုက်ခဲ့ ပါသေးတယ်။
ပထမအကြိမ်တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှူး အပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး အခုတကြိမ် တိုက်ခိုက်မှုကြောင့် ထိ ခိုက်တဲ့အခြေ အနေကိုတော့မသိရသေးပါဘူး။
အလားတူကမာရွတ်မြို့နယ်နဲ့မရမ်းကုန်းမြို့နယ်တွေက မီတာရုံးတွေမှာ လည်း ဒီကနေ့ မနက် ၁၁နာရီဝန်းကျင်ကတပြိုင်တည်းနီးပါး ဗုံး ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။
“ကျွန်တော်တို့လည်း ပေါက်ကွဲသံကြားမှ ဗုံး ပေါက်တာသိလိုက်ရတာ၊တော်သေးတယ် မီတာသွားဆောင်ဖို့ အသွား လမ်းမှာတင် ကြားလိုက်ရတော့ ပြန်လှည့်လာခဲ့လိုက် တယ်၊ ထိခိုက်တာတော့ရှိနိုင်တယ်၊အမြန်ပြန်လာခဲ့လိုက်တော့ သိပ်မသိလိုက်ဘူး “လို့ ကမာရွတ် မြို့နယ်မှာ နေထိုင်သူတဦးကပြောပါတယ်။
အဲ့ဒီပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် စစ်ကောင်စီ တပ်တွေကလာရောက်စစ်ဆေးတာရှိပေမယ့် လူထိခိုက်ဒဏ်ရာရမှုရှိ၊မရှိကိုတော့ အတိအကျ မသိဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။
လက်ရှိမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ မီတာရုံးတွေ ကို ပိတ်ထားတယ်လို့လည်း ဆိုကြပါတယ်။
ကမာရွတ်နဲ့မရမ်းကုန်း မီတာရုံးတွေ ဖောက်ခွဲ တိုက် ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အ စည်း က လုပ် ဆောင်တယ်ဆိုတာ သတင်းထုတ် ပြန်တာမတွေ့ရသေးပါဘူး။