ဂန့်ဂေါမြို့၊ ကန်ရွာရဲစခန်းကို စစ်ကောင်စီစစ်ကြောင်းရောက်ခဲ့ချိန်က ရွာထဲကအိမ်တွေကိုမွှေနှောက်ခိုးယူရာမှာ စစ်ဗိုလ်တစ်ဦးရဲ့မိဘအိမ်တစ်အိမ်လည်း ပါဝင်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” သူတို့က အဝတ်အစားတွေနဲ့တခြားပစ္စည်းတွေရောင်းတဲ့ဆိုင်ကြီး၊ သူတို့လည်းပစ္စည်းတွေ တော်တော်များ များပါသွားတယ်”လို့ ရွာခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီစစ်သားနှင့်ရဲတွေမွေနှောက်ခိုးယူခဲ့တဲ့ စစ်ဗိုလ်ရဲ့မိဘနှစ်ပါးအိမ်ဟာ ရွာလယ်မှာ စျေးဆိုင်ကြီး ဖွင့်ထားတဲ့ ဦးဝင်းမြင့်နဲ့ဇနီးဒေါ်တင်နှောင်းတို့အိမ်ဖြစ်ပြီး သားဖြစ်သူဟာ စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူ တစ်ဦးဖြစ်ကာ ဘယ်ဒေသမှာ တာဝန်ထမ်းဆောင်နေတယ်ဆိုတာတော့ သေသေချာချာမသိဘူးလို့ ရွာခံတွေ ကပြောပါတယ်။
ဂန့်ဂေါမြို့ ခ.လ.ရ (၅၀) ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာအောက်တိုဘာ( ၁၇) ရက်ညနေက ကန်ရွာကိုဝင်ရောက်လာခဲ့ပြီး ကန်ရွာရဲစခန်းမှာ ရက်ပိုင်းအကြာ တပ်စွဲနေထိုင်ခဲ့ပါတယ်။
စစ်ကြောင်းရောက်လာချိန်မှာ ရွာခံတွေတိမ်းရှောင်ကြတာကြောင့် ပိုင်ရှင်တွေမရှိကြတဲ့ နေအိမ်တွေကို အဲ့ဒီစစ် ကြောင်းက စိတ်ကြိုက်မွှေနှောက်ခိုးယူခဲ့ကြတယ်လို့ ရွာခံတွေက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ(၂၀)ရက်မှာ ကန်ရွာရဲစခန်းက ဂန့်ဂေါမြို့ကို ပြန်လည်ထွက်ခွာသွား တယ်လို့ သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့ကနေ ကန်ရွာကိုအလာလမ်းမှာ ဒေသခံကာကွယ်ရေး တပ် တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုနဲ့ရင်ဆိုင်ခဲ့ရပြီး ရှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။