ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ဆယ်ဦး သေပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Phoenix-D.F) က ဒီကနေ့ စက်တင်ဘာ (၁၄) ရက်မှာ ထုတ်ပြန်ပါတယ်။
နတ်တလင်းမြို့ အရှေ့ဘက် ကြက်မနက်ကျေးရွာကနေ ညောင် လေးပင်မြို့ဘက် ဦးတည်ထွက်လာတဲ့ စစ်ကောင် စီစစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ (၁၃)ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
“စစ်ကောင်စီက ခဏခဏစစ်ကြောင်းလာထိုးနေတာက ရိုးမအခြေစိုက် PDF စခန်းတွေကိုတိုက်ခိုက် ချင်တဲ့ သ ဘောပါ၊ကျွန်တော်တို့ကတော့ တက်လာသမျှစစ်ကြောင်းတွေကိုတိုက်ခိုက်နေမှာပဲ၊ပြည်သူ လက်မခံတဲ့အစိုးရကို ရတဲ့နည်းနဲ့တော်လှန်နေမှာပဲလို့” နတ်တလင်း- PDF အဖွဲ့ဝင်တစ်ဦးက DNAကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို ပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ ချိန်မှာလေးဦးသေဆုံးပြီး ခုနှစ်ဦးထိခိုက် ဒဏ်ရာရ ရှိခဲ့ တဲ့အကြောင်းမြေပြင်သတင်းတွေအရသိရတယ် လို့ဆိုပါတယ်။
အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီက ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် ပဒေသာမိုင်းနဲ့ထပ်မံတိုက်ခိုက်ခဲ့ကာ ခြောက်ဦးသေဆုံးပြီး ဒဏ်ရာအ များအပြား ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီတပ်က ဒဏ်ရာရတပ်သားတွေကိုသယ်ဆောင်ဖို့အတွက် အနီးဝန်းကျင် ကျေးရွာတွေဆီက ဒေသခံ ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူပိုင်နွားနှစ်ကောင်ကို လည်းပစ်ခတ်သွားတယ်လို့ သိရပါတယ်။
“အရင်တည်းကဖမ်းဆီးခံခဲ့ရတဲ့သူတွေရှိတယ်၊တစ်ချို့ပဲပြန်လွှတ်ပေးတယ်၊ မနေ့ကအဖမ်းခံခဲ့ရတဲ့ရွာသားတွေကတော့ ဒဏ်ရာရတဲ့စစ်သားတွေကို သယ်ဖို့ဖမ်းခေါ်သွားတာ” လို့ နတ်တလင်း- PDFအဖွဲ့ဝင်ကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း၃၈၀၁၊ တပ်ခွဲ (၁)၊ (၂) နဲ့အတူ ဇီးကုန်း-PDF ၊ နတ်တလင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Phoenix- D.F) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းနတ်တလင်းမြိုနယ်အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ မကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးတိုက်ပွဲတွေပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူ တွေအနေနဲ့ စစ်ကောင်စီတပ်တွေအနီးနေထိုင်တာ ၊ဆက်သွယ်တာတွေမလုပ်ဖို့ နတ်တလင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ကအ သိပေးပြောဆိုထားပါတယ်။