ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ကသိမ်တော်ကြီးအနီးမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီလက်အောက် ခံရဲ တဦး ပစ် သတ်ခံရပြီး စစ်တပ်က ပြန်လည်ပစ်ခတ်တာကြောင့် အမျိုးသားနှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်အနီးဝန်း ကျင် မှာ ရှိခဲ့သူတဦးက DNA ကိုပြောပါတယ်။
“သေနတ်နဲ့ပစ်တော့ အနားမှာရှိတဲ့သူတွေလည်းကြောက်လန့်ပြီးပြေးကြတာ၊အဝေးရောက်မှ ပြန်ကြည့် တော့ စစ် သားတွေက ဆိုက်ကားတစ်စီးကိုဝိုင်းပြီးဖမ်းကြတယ် ၊ပြီးတော့သေနတ်နဲ့ပစ်သတ်သံတွေထ ပ်ကြားရတော့ လူ တွေ လည်း ထပ်ပြေးကြတယ်၊အဲ့ဒါတွေပြီးမှဆိုက်ကားဆရာနဲ့ လူငယ်တဦးလမ်း မပေါ်လဲနေတာကို တွေ့ခဲ့ရတာ” လို့ သူက ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုဟာ ဒီကနေ့ စက်တင်ဘာ (၂၉)ရက် ညနေသုံးနာရီခွဲဝန်းကျင်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှု တွေအ ပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြစ်စဉ်နဲ့အနီးတဝိုက်မှာ အသင့်အနေအထားနဲ့ လုံခြုံရေးယူ ထားတာတွေ့ရပြီး လမ်းသွားလမ်းလာတွေကိုလည်း ပစ်ခတ်မှုဖြစ်တဲ့နေရာကို အကပ်မခံဘူးလို့ဆိုပါတယ်။
ပစ်ခတ်မှုတွေအတွင်း သေဆုံးခဲ့တဲ့ ဆိုက်ကားဆရာနဲ့ လူငယ်တဦးရဲ့ရုပ်အလောင်းတွေကိုတော့ စစ်တပ်က တ ရွတ်တိုက်ဆွဲယူသွားပြီး အရေးပေါ်လူနာတင်ယာဉ်ပေါ်တင်ပေးလိုက်တာမြင်တွေ့ရတယ် အဲ့ဒီဖြစ်စဉ်ကို မျက် မြင်တွေ့ရှိခဲ့သူက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန် ပြောဆို ထားတာမတွေရှိရသေးသလို စစ်တပ်ကပစ်သတ်ခဲ့သူတွေဟာ သာမာန်ပြည်သူ၊ဒါမှမဟုတ် တော် လှန်ရေး အဖွဲ့အ စည်းဝင်တွေ ဟုတ်မဟုတ်ဆိုတာကိုလည်း ရှင်းရှင်းလင်းမသိရသေးပါဘူး။