လှိုင်မြို့နယ် ၊ လျှပ်စစ်မီတာရုံးရှေ့က စစ်တပ်ဘန်ကာ ပစ်ခတ်တိုက်ခိုက်ခံရ

Photo- CJ
ရန်ကုန်မြို့၊လှိုင်မြို့နယ် ရန်ကုန်-အင်းစိန်လမ်းမဘေးက စစ်တပ်ဘန်ကာကို ဒီကနေ့ ညနေပိုင်းမှာ ဗုံးပစ်တိုက်ခိုက် ခံရပြီး သေနတ်ပစ်ခတ်သံတွေလည်း ထွက်ပေါ်ခဲ့တယ်လို့ လှိုင်မြို့နယ်အတွင်းနေထိုင်သူတွေကပြောပါတယ်။
ရန်ကုန်-အင်းစိန်လမ်းမဘေး လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့က စစ်ကောက်စီတပ်ဖွဲ့ဝင်တွေ ကင်းစောင့်လေ့ရှိတဲ့ ဘန်ကာကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဗုံး၊သေနတ်တွေနဲ့ပစ်ပြီး တိုက်ခိုက်သွားတာဖြစ်တယ်လို့ ဘူတာရုံလမ်း အ တွင်းနေထိုင်သူတစ်ဦးက DNAကိုပြောပါတယ်။
“လူထိခိုက်မှုရှိမရှိတော့ မသိဘူး။အရင်ဆုံး ဗုံးနဲ့ပစ်တာ၊တဆက်တည်း သေနတ်နဲ့ပါဆက်တိုက်ပစ်သွားတာ၊ အဲ့လို ဖြစ်တော့ ရန်ကုန်-အင်းစိန်လမ်းမကြီးရော၊အလယ်ဗဟိုလမ်းရော အခုကားတွေပိတ်နေပြီ၊အင်းစိန်လမ်းမကြီးကို ပိတ်ထားလိုက်တော့ ခရီသည်တင်ယာဥ်တွေလည်း ဗဟိုလမ်းဘက်ဆင်းလာတာပေါ့”လို့ လှိုင်မြို့နယ် ဘူတာ ရုံလမ်းအတွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်အတွင်း ထိုက်သေဆုံးမှုအခြေအနေကို DNA အနေနဲ့ စုံစမ်းနေဆဲဖြစ်ပြီး စစ်တပ်ဘန်ကာကို ဘယ်အ ဖွဲ့က တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
လက်ရှိအချိန်အထိလည်း စစ်ကောင်စီတပ်တွေက ရန်ကုန်-အင်းစိန်လမ်းမကြီးရဲ့ ယာဥ်ကြော နှစ်ဖက်စလုံးကို ပိတ်ထားတဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကမာရွတ်မြို့နယ်တစ်နေရာမှာလည်းဒီကနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုအနေနဲ့ ” အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဆီသို့ ” စာသားပါ ဘန်နာကို ကိုင်ဆောင်ပြီး တော်လှန်လူငယ်တွေကဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြမှုကိုတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်)က ဦးဆောင် ကာလူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS ၊ လူ့ဘောင်သစ်လူငယ်-YNS နဲ့ရန်ကုန်ရဲ့သူပုန်များ သပိတ် ကော် မတီ-YRSC တို့ကပူးပေါင်းပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရန်ကုန် လှိုင်မြို့နယ်မှာ အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါသေးတယ်။