ရခိုင်ပြည်နယ်အတွင်း နေရာအနှံ့မှာ တိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်ပေါ်လာနိုင်တယ်လို့ AA သတိပေး

ရခိုင်ပြည်နယ်အတွင်းဒေသအနှံ့မှာနောက်ထပ်တိုက်ပွဲတွေကြီးကြီးမားမား ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိတဲ့အတွက် ကုန်းလမ်း၊ရေ လမ်းယာဉ်တွေအားလုံးကို စစ်ရေးအခြေအနေအရ ရပ်တန့်စစ်ဆေးမယ်လို့ ရခိုင့်တပ်တော် AA က ဒီကနေ့ထုတ်ပြန်ပါတယ်။
လက်ရှိရခိုင်ပြည်နယ်အတွင်းနဲ့ပလက်ဝဒေသတွေမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေပြင်းထန်နေသလို တပ် စခန်းတွေသိမ်းပိုက်ခံထားရတဲ့စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေတာတွေရှိနေတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက စစ်အင်အားဖြည့်တင်းရာမှာ စစ်အင်အား၊လက်နက်ခဲယမ်းတွေကို စစ်သင်္ဘော ၊စစ်ကား ၊စစ်ရဟတ်ယာဉ်တွေအပြင် အရပ်ဖက်သုံးယာဉ်တွေကိုပါ အသုံးပြုလာတာကြောင့် ရေလမ်း၊ကုန်းလမ်း ယာဉ်တွေအားလုံးကို စစ်ဆေးဖို့ စီစဉ်တာဖြစ်တယ်လို့ AAကဆိုပါတယ်။
ဒါကြောင့် ကုန်းလမ်း၊ရေလမ်းသယ်ယူပို့ဆောင်ရေး လုပ်နေကြတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ရခိုင်ပြည်သူ့အ စိုးရရဲ့ ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊အုပ်ချုပ်ရေးရုံးတွေကိုသတင်းပို့ပြီး သွားလာကြဖို့နဲ့ စစ်ဆေးမှုတွေကို ကြည်ကြည်ဖြူဖြူ လက်ခံကြဖို့ AAကတိုက်တွန်းထားပါတယ်။
ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့အတိုင်း သတင်းမပို့ဘဲ သွားလာလို့ ပြဿနာတစုံတရာဖြစ်ပေါ်လာရင် သွားလာသူ တွေရဲ့ တာဝန်သာြဖစ်တယ်လို့လည်း AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိ ရခိုင်ပြည်နယ်အတွင်းနဲ့ ပ လက်ဝဒေသတွေမှာ AAနဲ့ စစ်ကောင်စီတပ်တွေ တကျော့ပြန်တိုက်ပွဲပြင်း ထန်နေကြတာပါ။
AA တပ်ဖွဲ့ဟာ ဩဂုတ်လကုန်ပိုင်းနဲ့ အခုလဆန်းပိုင်းတွေမှာ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊လေကြောင်းတွေနဲ့အပြင်းအထန်တိုက်ခိုက်နေတာပါ။
အဲ့ဒီလို စစ်ရေးတင်းမာမှုပြင်းထန်နေတာကြောင့် စစ်တပ်က အရပ်ဖက်သုံးခရီးတင်ယာဉ်၊ လေယာဉ်၊ကား၊ မော် တော်ဘုတ်၊အမြန်ရေယာဉ်တွေအသုံးပြုပြီး ကုန်း၊လေ၊ရေလမ်းကြောင်းမျိုးစုံကနေ စစ်အင်အားဖြည့် တင်းတာကို လတ်တလော သီတင်းပတ်တွေအတွင်း ဆက်တိုက်လုပ်နေတာတွေ့ရတယ်လို့ AAက ဆိုပါတယ်။