စစ်ကိုင်းတိုင်း မုံရွာမြို့ ဒေသတဝိုက် ဓားပြမှုတွေ နဲ့ပတ်သက်နေသူတဦးကို ဖမ်းမိတယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ကာကွယ်ရေး အဖွဲ့က ဖမ်းမိထားသူဟာ မုံရွာမြို့ခံ မျိုးချစ်ရဲ့ ယာဉ်မောင်း ဆိုသူ အောင်မျိုးဇော်(ခ) ရဲမင်းဦးဖြစ်ပါတယ်။
ဖမ်းမိထားသူရဲ့ ထွက်ဆိုချက်တွေအရ မုံရွာမြို့ခံ မျိုးချစ် ဟာ စစ်ကောင်စီလက်ပါးစေ တဦးဖြစ်တဲ့ အပြင် ဒေသတွင်းမှာ ခိုးဆိုးလုနှိုက်၊ဓားပြမှု တွေကျူးလွန်နေသူဖြစ်တယ်လို့ ဆိုပါတယ်။
မျိုးချစ်ဟာ သန်းတစ်ရာဆန်စက်၊ RGN ဂိမ်းဆိုင်၊ ဘုန်းဆိုးရပ်ကွက်ထဲက ပြည်သူနေအိမ်၊ အဆွေ တော် ဖုန်းအရောင်းအဝယ်၊ဆိုင်ကယ်အရောင်း အဝယ်ဆိုင်နဲ့ နတ်လူထိပ်ပန်ရပ်ကွက်က ချဲဒိုင် အိမ်တွေကို ဓားပြတိုက်ခဲ့ပြီး ငွေ၊ရွှေ၊ ဖုန်းနဲ့ ဆိုင်ကယ် တွေကို ယူဆောင်ခဲ့တယ်လို့ ဖမ်းမိထားတဲ့ ယာဥ်မေ ာင်း အောင်မျိုးဇော်(ခ)ရဲမင်းဦးက ဝန်ခံတဲ့အ ကြောင်း ရုပ်သံမှတ်တမ်းကိုလည်း မုံရွာပြည်သူ့ ကာကွယ်ရေးအဖွဲ့က လူမှုကွန်ရက်မှာ ဖော်ပြထား ပါတယ်။
ဒါပေမယ့် အဲ့ဒီရုပ်သံမှတ်တမ်းထဲက ပြောစကား တွေဟာ မှန်ကန်မှုမရှိဘူးလို့ တုံ့ပြန်ဖြေရှင်းတာ တွေလည်း ရှိနေပါတယ်။ယာဥ်မောင်း အောင်မျိုး ဇော် (ခ)ရဲမင်းဦးရဲ့ဇနီး အပါအဝင် မျိုးချစ်ရဲ့ အလုပ်သ မားဆိုသူတွေက တုံ့ပြန်ဖြေရှင်းတာ တွေလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်လာတာပါ။
မုံရွာမြို့ခံတွေကတော့ မျိုးချစ် ဆိုသူဟာ မြို့ခံ တွေကြား လူမိုက်အဖွဲ့ခေါင်းဆောင်တဦးအဖြစ် သိထားကြပြီး လက်အောက်ခံ အင်အား တရာ လောက်ရှိသူဖြစ်တယ်လို့ဆိုပါတယ်။
“သူတို့အဖွဲ့ကို ပြည်သူလူထုက သိပါတယ်၊ သူ့ရပ်ကွက်ထဲက လူတွေဆိုအကုန်သိတယ်၊ အစကတော့ informer(သတင်းပေး) အဆင့်ပဲရှိတာလေသူတို့က၊ အာဏာသိမ်းပြီးနောက်ပိုင်းကျမှ သူတို့က ပျူစောထီးလိုလို ဘာလိုလိုနဲ့ လူအင်အားတောင့်လာတာ၊ သူက တရားမဝင် ရာခိုင်နှုန်းပေးသလို လိုင်းကြေးပေးပြီးတော့ အဲ့လိုလုပ်နေတယ်လို့ သုံးသပ်လို့ရတယ်” လို့ မုံရွာမြို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ယာဥ်ထိန်းရဲတဦးက DNA ကိုပြောပါတယ်။
DNA အနေနဲ့တော့ အဲ့ဒီဖမ်းဆီးမှုနဲ့ ထွက်ဆိုချက်တွေနဲ့ပတ်သက်လို့ သီးခြား အတည်မပြုနိုင်ပါဘူး။
မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အဆက်အသွယ်မရသေးတဲ့အတွက် လက်ရှိဖမ်းဆီးထားသူနဲ့သူ့ရဲ့ ထွက်ဆိုချက်တွေအပေါ် ဘယ်လိုဆက်အရေးယူမ လဲဆိုတာမသိရသေးပါဘူး။
စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဒေသတွင်းမှာ ခိုးဆိုး လုနှိုက် ဓားပြတိုက်အကြမ်းဖက်နေသူတွေကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့လုံခြုံ ရေးအဖွဲ့တို့က ဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်နေပြီလို့မုံရွာပြည်သူ့
ကာကွယ်ရေးအဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ တရားခံတွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သက်ဆိုင် ရာ ဝန်ကြီးဌာနတွေနဲ့ မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆက်ပြီး ထုတ်ပြန် ကြေညာသွားမယ်လို့လည်းဆိုပါတယ်။