ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ် မြို့တော်ခန်းမကို မြေအောက်တော်လှန်ရေး အဖွဲ့တခုက ဒီနေ့ညနေ(၆)နာရီဝန်းကျင်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“လက်ပစ်ဗုံးနဲ့ပစ်သွားတာ။ အဖြစ်အပျက်ကမြန်တယ် ။ ဘယ်သူဘယ်ဝါ ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်သွားတယ်ကို မသိလိုက်ဘူး ။ ပေါက်ကွဲသံတစ်ချက်ပဲကြားလိုက်တယ် ။ အသံကြားပြီး ခနအကြာမှာပဲ စစ်ကားတွေထပ်ရောက်လာတယ်။ Ambulance တစ်စီးပါပါတယ် ။ အထိအခိုက်တော့ ရှိနိုင်တယ် ။ ဒီခန်းမမှာက စစ်ကောင်စီတပ်ဖွဲ့တွေစခန်းချတာကြာပြီ”လို့ အမည်မဖော်လိုသူ တဦးက DNA ကိုပြောပါတယ်။
” ရွှေပြည်သာ မြို့နယ်ခန်းမတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုထံမှ ဆိုင်ကယ်များအား နေ့စဥ်ဖမ်းဆီးနေခြင်း၊ ၄င်းဖမ်းဆီးထားသော ဆိုင်ကယ်များအား ရပ်ကျေးများထံသို့ပြန်လည် ရောင်းချခြင်းများနှင့် အပြစ်မဲ့အရပ်သားပြည်သူလူထုအပေါ် နှိပ်စက်အနိုင်ကျင့်နေခြင်းများကြောင့် လက်တုန့်ပြန်သောအနေဖြင့် မိမိတို့ အဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်”လို့ Shwepyithar Underground Group SPTUG အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဖော်ပြထားပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
Delta News Agency Telegram Link – https://t.me/deltanewsagencymedia
Delta News Agency YouTube Link – https://youtube.com/c/DeltaNewsAgency
Delta News Agency Website Link – https://deltanewsagency.com/