ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ကယန်းဘာသာနဲ့ ဖတ်နိုင်ပြီ

ကရင်ပြည်နယ်အတိုင်ပင်ခံကောင်စီ(Karenni State Consultative Council – KSCC) နဲ့ SFIG တို့ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ကယန်းဘာသာနဲ့ ပြန်ဆိုရေးသားထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အအပိုင်း(၁) ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း နဲ့ အစိတ်အပိုင်း(၂)တွေအပြင် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံတွေကိုလည်း ကယန်းဘာသာနဲ့ ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ အနေနဲ့ ဂေဘားဘာသာ ၊ မနုမနော(ကောယော်)ဘာသာတွေနဲ့လည်း အခုလို ပြန်ဆိုထုတ်ဝေနိုင်အောင် ကြိုးစားနေပြီး မကြာမီမှာ ဆက်လက်ဖြန့်ဝေသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
SFIG ဟာ ဖက်ဒရယ်စနစ် နဲ့ ပတ်သက်တဲ့ ပိုစတာတွေ ၊ ရုပ်ပုံတွေကို တင်ဆက်နေတဲ့ ဖက်ဒရယ်အသိပညာမျှဝေးရေး လူမှုကွန်ယက်တခု ဖြစ်ပြီး ဖက်ဒရယ်စနစ်နှင့်ပတ်သက်တဲ့ အသိပညာတွေကို မြန်မာဘာသာအပြင် ရှမ်းဘာသာ၊ ပအိုဝ်းဘာသာ၊ မွန်ဘာသာ၊ ကရင် (စကော နှင့် ပိုး) ဘာသာစကားတွေနဲ့လည်း ဖြန့်ဝေခဲ့ပြီးဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ကယန်းဘာသာနဲ့ရေးသားထားတာတွေကို ကရင်ပြည်နယ်အတိုင်ပင်ခံကောင်စီ(Karenni State Consultative Council – KSCC) ရဲ့ စာမျက်နှာ
နဲ့ SFIG စာမျက်နှာဖြစ်တဲ့
https://www.facebook.com/SFIG.Program/posts/pfbid0UEvwXoiVLrwwnnX9DPtjLJYy65Q5k9WeX8nmaW6UkdfVrD8jYziscbYci4gzWidol တွေမှာ ဝင်ရောက် ဖတ်ရှု့လေ့လာနိုင်ပါတယ်။