ကလေးမြို့မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုသမီးတစ်ဦးထိမှန်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ဖြစ်တဲ့ ခမရ ၂၂၅တပ်က ကျေးရွာတွေ ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ ကလေးမြို့ အခြေစိုက် ခမရ ၂၂၈ တပ်က မြစ်သာမြစ် အရှေ့ဘက်ကမ်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ကင်မွန်းချူံရွာက အိမ်တစ်အိမ်ကို ထိမှန်ခဲ့ပြီး အိမ်ပေါ်မှာအိပ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဝမ်းဗိုက်ကို ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။
“လက်နက်ကြီးက ရွာမြောက်ဘက်ကိုနှစ်လုံး၊ အရှေ့ဘက်ကိုတစ်လုံး၊ ရွာဟောင်းဘက်ကိုတစ်လုံးကျတယ်။ မပေါက်တာတစ်လုံးရှိတယ်။ ရွာထဲကျတဲ့အလုံးက အိမ်မိုးကပ်ကိုဖောက်ပြီးကျတာ။ တည့်တည့်ကျရင်တော့ သေမှာပေါ့။သူကအိပ်နေတာ ဗိုက်ကို ရှပ်ထိသွားတယ်။ မစိုးရိမ်ရပါဘူး။ ကုသမူတွေလုပ်ပေးထားပါပြီးပြီ” လို့ ဆေးကုသမှု ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျည်တွေဟာ ကင်မွန်းချုံရွာတွင်းနဲ့ ရွာနီးတစ်ဝိုက်မှာ ကျရောက် ပေါက်ကွဲ ခဲ့တာကြောင့် နွားတစ်ကောင်ထိမှန်သေဆုံးခဲ့သလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်စ တချို့လည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။