ထီးလင်းနယ်မှာ စစ်ကြောင်းထိုးနေချိန် တိုက်ခိုက်ခံရလို့ စစ်သားတယောက်သေ

ဇွန်လ ၂၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ထီးလင်းမြို့နယ်၊ တောရောင်းရွာဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို စောင့်ပြီးတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ YDF (Shwe Som Nyo) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တောရောင်းရွာနဲ့ ထန်းပင်ကုန်းရွာအကြား မောချောင်းကို ဖြတ်ကူးချိန်ကို စောင့်ပြီးတိုက်ခိုက်ခံခဲ့ရတာပါ ။
ဒီလို တိုက်ခိုက်အပြီး အထိအခိုက်မရှိ အောင်မြင်စွာပြန်ဆုတ်နိုင်ခဲ့တယ်လို့လည်း YDF (Shwe Som Nyo) ကရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လက်တလော ထီလင်းနယ်တဝိုက်မှာ စစ်ကြောင်းထိုးလျှက်ရှိပြီး ဒရုန်းတွေအသုံးပြုကာ တော်လှန်ရေးတပ်သားတွေကို ရှာဖွေနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။