ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်အတွင်းရှိရွာတွေထဲကို အကြမ်းဖက် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ဒေသခပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရပါတယ်။
လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် အရပ်သား(၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်၊အဆောက်အအုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ ထိ ခိုက်ပျက်စီးခဲ့ကာ
ကျေးရွာ(၁၂)ရွာက လူဦးရေ ၁၀၅၂၆ ဦးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ကေအဲန်ယူနဲ့ ဒေသအဖွဲ့အစည်းတွေပူးပေါင်းပြီး ကူညီစောင့်ရှောက်ပေးနေကြောင်း KNU-PDF Kyaukkyi ကမနေ့ညကထုတ်ပြန်ပါ တယ်။
ဇွန်လ၂၈ရက်နေ့ မနက်၃နာရီလောက်ကလည်း ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။
ဇွန်လ(၂၅)ရက်နေ့ မနက်(၇)နာရီကစတင်ပြီးကျောက်ကြီးမြို့နယ်၊ ငဗြက်အင်းကျေးရွာနဲ့ အင်းနက်ကျေးရွာကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ စစ်ကောင်စီခန့် နတ်သံကွင်းမြို့ အုပ်ချုပ်ရေးမှူးသန်းလွင် အပါအဝင်(၁၄)ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူကထုတ်ပြန်ပါတယ်။
ဆက်လက်ပြီးဇွန်လ(၂၆)ရက်နေ့ မနက်ပိုင်းမှာ လည်း ကျောက်ကြီးမြို့နယ်ရှိ နရွဲပင်ကျေးရွာနဲ့ ညောင်ကုန်း ကျေးရွာကြားတိုက်ပွဲဖြစ် ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာစစ်သား (၃)ဦးသေဆုံးခဲ့ပါတယ်။
ဇွန်၂၆ရက်နေ့၊ ညနေ(၅)နာရီလောက်မှာ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ နောင်ကုန်းကျေးရွာအရှေ့ဘက်မှာဖြစ် ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်သား(၂)ဦးသေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။