စစ်တပ်ထုတ်ဘီယာတွေရောင်းနေတာရပ်ဖို့ ရွှေဘိုမြို့ပေါ်ကဆိုင်ကို သတိပေး

စစ်တပ်ထုတ်ကုန်ဘီယာတွေကို နှစ်ပတ်အတွင်း ဖယ်ရှားဖို့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ပေါ်က ဆိုင်တစ် ဆိုင်ကို ဒေသတွင်းတော်လှန်ရေးအဖွဲ့တချို့က သတိပေးလိုက်ပါတယ်။
ရွှေဘိုမြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ အောင်မြင့်မိုရ်ဆိုင်မှာ မြန်မာဘီယာ၊ဒဂုံဘီယာ စတဲ့စစ်တပ်ထုတ်ကုန် တွေ ရောင်းချနေကြောင်း သိရှိရပြီး စစ်တပ်ထုတ်ကုန်တွေကို နှစ်ပတ်အတွင်းမဖယ်ရှားပါက ဆိုင်နဲ့ ဂို ထောင်ကို ဗုံးခွဲတိုက်ခိုက်သွားမယ်လို့ Special Fighting Forceနဲ့ ရွှေဘိုမြေပြင်သတင်းအဖွဲ့က ဒီကနေ့ထုတ် ပြန်ပါတယ်။
‘တကယ်လုပ်ဆောင်မှာပါ။ပစ္စည်းတွေလည်း(လက်နက်ပစ္စည်း)အကြွေးတွေနဲ့ဝယ်ထားပြီးပါပြီ။ ပြည်သူတွေကိုငဲ့ညှာနေတဲ့အတွက် မြို့တွင်းကိုသိပ်မလုပ်ဆောင်သေးတာ။
ဆိုင်အတွင်းမှာရှိတာစုစုပေါင်း သိန်း၂ထောင်ဝန်ကျင်လောက်ရှိလောက်မယ်’လို့ ရွှေဘိုမြေပြင်သတင်းအဖွဲ့ ကဆိုပါတယ်။
သတ်မှတ်ရက်အတွင်း စစ်တပ်ထုတ်ကုန်တွေကို မဖယ်ရှားပါက အောင်မြင့်မိုရ်ဆိုင်နှစ်ဆိုင်နဲ့ဂိုထောင်ကို တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။