ကချင်ကနေ ဆင်းလာတဲ့စစ်ယာဉ်တန်း အင်းတော်မှာ မိုင်းနှစ်ကြိမ်ထိ၊ အသေအပျောက်များနိုင်

ကချင်ပြည်နယ်ကနေ ဆင်းလာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အင်းတော်မြို့နယ်အတွင်း မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ရာအသေအပျောက်များနိုင်တယ်လို့သိရပါတယ်။
ကချင်ပြည်နယ် မိုးညှင်း အမြောက်စစ်ဆင်ရေးကွပ်ကဲရေးမှူးဌာနချုပ်ကနေ မန္တလေးဘက်ကို ဇွန်၁၅ရက်နေ့ မနက ၁၂နာရီ၂၄မိနစ် ကထွက်လာတဲ့ ကား၃၃စီးပါ စစ်ယာဉ်တန်းကို KIAနဲ့ ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ် မော်လူး-နဘားကြား နဲ့ အင်းတော်-ကျောင်းကုန်းရွာကြား တို့မှာ မိုင်း၂ကြိမ်ဆွဲခဲ့ကြောင်း Indaw Revolution က ထုတ်ပြန်ပါတယ်။
မနက်၂နာရီလောက်မှာ မော်လူးနှင့်နဘားကြားမိုင်း၅လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စသ်ကားတစ်စီးလမ်းဘေး ထိုးကျခဲ့ပြီး သေဆုံးဒဏ်ရာရစာရင်းကိုတော့ မသိရသေးပါဘူး။
ဆက်လက်ပြီး မနက်၇နာရီခွဲလောက်မှာ အင်းတော်နဲ့ကျောင်းကုန်းရွာကြားမိုင်း၁၀ လုံးနဲ့အထက် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၃၀ကျော်ပါလာတဲ့ စစ်ကားနှစ်စီး ပက်လက်လှန်သွားတဲ့အတွက် အသေအပျောက်များနိုင်ကြောင်း ခန့်မှန်းပါတယ်။
မျက်မြင်ပြည်သူတွေရဲ့ ပြောကြားချက်အရ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ကားပေါ်ဆွဲတင်သွားကြောင်း သိရတယ်လို့ Indaw Revolution က ဆိုပါတယ်။
မိုင်းထိပြီးနောက် အချိန်အတော်ကြာ ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။