တမူးမြို့အနီး တိုက်ပွဲတွေကြောင့် ကလေး-တမူး ကားလိုင်းတွေရပ်နားထားရတယ်လို့ ကားသမားတဦးက DNA ကိုပြောပါတယ်။ “ ကားတွေမထွက်ဘူး ၊ ဘယ်နေ့ ထွက်မယ်ဆိုတာလည်း ပြောလို့မရသေးဘူးလို့” ဆိုပါတယ်။
ဒီလ ၇ ရက်နေ့ကစပြီး ဝိတုတ်ရွာ နဲ့ တမူးကြားမှာ အကြမ်းဖက်စစ်ကောင်စီ နဲ့ ဒေသခံ PDF တွေ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
“တစ်ရက်နှစ်ရက်က ပြသနာမဟုတ်ပေမယ့် ရက်ကြာလာရင်တော့ စီးပွားရေးအရထိခိုက်မူရှိလာမယ်”ဟု ကလေးမြို့ကုန်သည်တစ်ဦးက ကားလိုင်းရပ်နားခြင်းအပေါ် မှတ်ချက်ပေးပါတယ်။
ကလေးမြို့ဟာ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် ၊ မကွေးတိုင်း အစပ်မှာ ရှိနေပြီး မြန်မာ၊ အိန္ဒိယနယ်စပ်မှာ ရှိတဲ့ တမူးမြို့နဲ့ မိုင် ၉၀ ကျော်ကွာဝေးပြီး စီးပွားရေးအရ အချက်အခြာကျတဲ့ နေရာမှာ ရှိနေတာ ဖြစ်ပါတယ် ။ အကြမ်းဖက်စစ်တပ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေကြောင့် နယ်မြေအေးချမ်းမှုမရှိပဲ နယ်စပ် ကူးသန်းရောင်းဝယ်ရေး အပေါ်သက်ရောက်မှုရှိကာ ဒေသတွင်းစီးပွားရေးကျဆင်းလျှက်ရှိပါတယ်။