အခုရက်ပိုင်းအတွင်း ပဲခူးတိုင်း၊ကဝမြို့နယ်ထဲမှာ အိတ်ချိပ်ပိတ်တာတွေကို အကြမ်းဖက်စစ်အုပ်စုက တောက် လျှောက်ပြုလုပ်လာတယ်လို့သိရပါတယ်။
ချိပ်ပိတ်ခံရတဲ့အိမ်တွေရဲ့ပိုင်ရှင်တွေကို PDFတွေကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲချက်နဲ့ ချိပ်ပိတ်နေခြင်းဖြစ်တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Kawa Information ကဖော်ပြပါတယ်။
ဇွန်လ၄ရက်နေ့တုန်းက ကဝမြို့နယ်ဖလေး-ညောင်ပင်လေးဆိပ်ကဦးဝင်းမြင့်အိမ်ကိုစစ်အုပ်စုတပ်ဖွဲ့ဝင်တွေက လာရောက်ချိတ်ပိတ်ခဲ့သလိုကဝမြို့နယ်၊ ကြာတောကျေးရွာက ဦးစိုးသန်းရဲ့နေအိမ်ကိုလည်း ဇွန်၄ရက်နေ့၊နေ့လည်က
လာရောက်ချိတ်ပိတ်သွားခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ဇွန်လ ၃ရက်နေ့က လည်း ကဝမြို့နယ်၊ ဇင်းဘုကျေးရွာကဦးသန်းဝင်းရဲ့ နေအိမ်ကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ လာရောက်ချိတ်ပိတ်ခဲ့ပါတယ်။
‘ကဝရဲမှူးအပစ်ခံရတာနဲ့ ဆက်စပ်ပြီး PDF လို့ စွပ်စွဲပြီး လိုက်ရန်ရှာနေတာပါ။အိမ်တွေကိုချိပ်ပိတ်ပြီးရင် အဲဒီ အိမ်တွေထဲက ပစ္စည်းတွေကို စစ်တပ်က လုကြသေးတယ်’လို့ ကဝမြို့နယ်၊သက္ကလ မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ကဝမြို့နယ်ရဲမှူး ပစ်ခတ်ရှင်းလင်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးပစ်ခတ်သွားသူကို မဖမ်းနိုင်တဲ့ အတွက် အပေါ်ကဖိအားတွေသက်သာစေဖို့နဲ့ PDFတွေကို အားပေးထောက်ခံမှု လျော့ကျလာစေဖို့အတွက် ပြည်သူတွေ အကြောက်တရား ပိုဝင်လာစေအောင်ဖမ်းဆီးချိတ်ပိတ်နေခြင်းဖြစ်တယ်လို့ ကဝတပ်တွင်းသတင်းရင်းမြစ်တွေက မှတ်ချက်ပြုကြောင်း Kawa Information ကလည်းထုတ်ပြန်ပါတယ်။
ဧပြီ၂၈ရက်နေ့ မနက်၅နာရီကျော်လောက်မှာ ကဝမြို့ ၃ရပ်ကွက်ထဲက မင်းကြိုက်လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ကဝမြို့နယ်ရဲမှူးဝင်းနိုင်ကို ကဝPDF က ရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးလက်ဖက်ရည်ဆိုင်ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခဲ့တာ အခုချိန်ထိ မလွတ်သေး သလို ဇွန်၄ရက်နေ့က အဲဒီလက်ဖက်ရည်ဆိုင်ကို စစ်တပ်ကလာရောက်ချိပ်ပိတ်သွားပြန်ပါတယ်။