ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးနေသူဆိုတဲ့ အမျိုးသမီးတစ်ဦး ရှင်းလင်းခံရပြီးနောက် ဘိုကလေးမြို့မရဲစခန်းက အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၁၄ရက်နေ့က ဘိုကလေးမြို့မှာ စစ်အုပ်စုနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးနေသူဆိုတဲ့ အမှတ်(၆)ရပ်ကွက်နေ ဒေါ်သူဇာကြီးဆိုသူကို ဘိုကလေးPDFက ရှင်းလင်းခဲ့ပြီးနောက်မှာ စစ်အုပ်စုက အပြစ်မဲ့ ပြည်သူတွေသူတွေကိုဖမ်းထားပြီးတော့ ကို မတရားဖမ်းဆီးပြီး နှိပ်စက်နေတာဖြစ်တယ်လို့ သိရပါတယ်။
“PDFကလေးတွေက ဘေးကင်းရာကိုရောက်နေပြီ သူတို့က လျှောက်ရမ်းနေတာ၊ မဆိုင်တဲ့ နှိပ်စက်တယ် ပိုက်ဆံတောင်းတယ် အတော်ရမ်းကားနေတယ်”လို့ ဘိုကလေးမြို့ခံတစ်ဦးကပြောပါတယ်။
အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ ဘိုကလေးမြို့မရဲစခန်းနဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်ရှိလုပ်ရပ်တွေကနေ ရပ်တန်းက ရပ်ဖို့နဲ့ မရပ်ဘူးဆိုရင် ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်မှုမှာ ပါဝင်သက်ဆိုင်တဲ့သူတွေ အားလုံးကို အပြစ်ပေးသွားမယ်လို့ ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။