
မြစ်ကြီးနားမြို့ လယ်ကုန်းအုပ်ချုပ်ရေးမှူးရုံး ဒီနေ့မတ်လ ၁၅ ရက်နေ့ မနက်အစောပိုင်းက ဗုံးခွဲမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ The 74 Media က ဖော်ပြထားပါတယ်။
အုပ်ချုပ်ရေးမှူးရုံးကနေ ဗုံးသံထွက်ပေါ်လာပြီး မီးလောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
လယ်ကုန်းရပ်ကွက်ဟာ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးမှာ ရပ်ကွက်တစ်ခုဖြစ်ပြီး လူမျိုးပေါင်းစုံ နေထိုင်တယ်လို့ သိရပါတယ်။