ဒီကနေ့ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့မှာ မန္တလေး သပိတ်အင်အားစုက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
“အာဏာကျေးကျွန် အမြစ်ဖြတ်ဖို့ အုတ်ကျစ်ကျော်အေး သွေးမအေးစို့” ဆိုတဲ့ ဆိုတဲ့ သပိတ်ကြွေးကြော်သံနဲ့အတူ ရဟန်းသံယာနဲ့ ကျောင်းသားပြည်သူတွေ စုပေါင်းချီတက်လာကြတာ ဖြစ်ပါတယ်။