ချင်းအမျိုးသားကာကွယ်ရေးတပ် CNDFနဲ့ အကြမ်းဖက်စစ်အုပ်စုတို့ ဖေဖော်ဝါရီလ ၁လအတွင်းမှာ တိုက်ပွဲပေါင်း ၅ကြိမ်ဖြစ်ပွားခဲ့ကာ စစ်အုပ်စုက ၄၁ဦးသေဆုံးပြီး ၅၀ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNOက ဒီကနေ့ မတ်လ ၅ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဘက်တော့ မိုင်းထောင်စဉ်မှာ မတော်တဆပေါက်ကွဲမှုကြောင့် တစ်ဦးကျဆုံးခဲ့ရပြီး တိုက်ပွဲအတွင်းမှာ တစ်ဦးနဲ့ စုစုပေါင်း ၂ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
သာလွန်လက်နက်အင်အားတွေနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်တာနဲ့ ပြောက်ကျားတိုက်ပွဲတွေကို ဆင်နွှဲပြီး ခုခံတိုက်ခိုက်နေရတာပဲဖြစ်ပါတယ်။