၃၀၊ အောက်တိုဘာလ၊ ၂၀၂၁။
အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ကွပ်ကဲမှုဌာန (FDA) က Pfizer နဲ့ BioNTech ကိုဗစ်ကာကွယ်ဆေးကို အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးငယ်တွေအတွက် ထိုးခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
ခွင်ပြုချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉၊ သောကြာနေ့က အသိပေးလိုက်တာဖြစ်ပြီး Pfizer နဲ့ BioNTech ကိုဗစ်ကာကွယ်ဆေးဟာ အမေရိကန်မှာ ကလေးငယ်တွေအတွက် ပထမဆုံး ကိုဗစ်ကာကွယ်ဖြစ်လာခဲ့ပါတယ်။
ကလေးငယ်တွေအတွက် 10-microgram ဆေးပမာဏနဲ့ အသက် ၁၂ နှစ်အထက်ကလေးငယ်တွေကိုတော့ 30-microgram ထက် နိမ့်တဲ့ ဆေးပမာဏကို ခွင့်ပြုပေးသွားမှာပဲဖြစ်ပါတယ်။
Pfizer ကတော့ ကလေးငယ်တွေအတွက် ကိုဗစ်ကာကွယ်ဆေးတွေကို ဒီကနေ့စနေနေ့မှာ ဆေးဆိုင်တွေဆီ ဖြန့်ဖြူးပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။
လက်ရှိမှာ အမေရိကန်ကျန်းမာရေး အာဏာပိုင်တွေဟာ ကလေးငယ် ၂၈ သန်းကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်းထားပြီး ကျောင်းစာသင်ခန်းတွေဆီ ကလေးငယ်တွေ ပြန်ရောက်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
Pfizer နဲ့ BioNTech ကိုဗစ်ကာကွယ်ဆေးကို ကလေးငယ်တွေအတွက် အသုံးပြုဖို့ အမေရိကန် အာဏာပိုင်တွေဟာ အောက်တိုဘာ ၂၆ ရက်၊ အင်္ဂါနေ့ကတည်းက တိုင်ပင်ညှိနှိုင်းခဲ့ကြပြီး အခုလို အတည်ပြုနိုင်ဖို့အတွက် မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။