ချင်းတွင်းမြစ်အတွင်းက စစ်အုပ်စုရဲ့ရေယာဉ်ကို PDFတွေပေါင်းတိုက်

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ချင်းတွင်းမြစ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ရိက္ခာနဲ့လူအင်အားပို့ဆောင်ဖို့ ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ယင်းမာပင် PDFနဲ့ ကနီ PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ကျဆုံးသူ များပြားနိုင်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၆ရက်နေ့မှာ စစ်အုပ်စုရဲ့ ရိက္ခာနဲ့ စစ်သားတွေကို တင်ဆောင်လာတဲ့ ဖလက်ရေယာဉ်တစ်စီး၊ ကုန်တင်အမြန်ရေယာဉ်တစ်စီးနဲ့ တွန်းသင်္ဘောတစ်စီးကို ဘုတလင်မြို့နယ် ညောင်စဉ်ပြားကျေးရွာအနီးမှာ PDFတွေက ပူးပေါင်းတိုက်ခဲ့တာဖြစ်တယ်လို့ ယင်းမာပင်PDFက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုက ထိခိုက် သေဆုံးသူတွေ များပြားနိုင်ပေမဲ့ ဘယ်လောက် ထိခိုက် သေဆုံးခဲ့တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

တိုက်ခိုက်မှုအတွင်း စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ညောင်စဉ်ပြားကျေးရွာက နေအိမ်တ်စလုံးနဲ့ နွားတစ်ကောင် ထိမှန်သေဆုံးသွားခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာ PDFတွေဘက်က ထိခိုက် ဒဏ်ရာရရှိသူမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-CJ