၂၄၊ အောက်တိုဘာလ၊ ၂၀၂၁။
ဆီးရီးယားမှာ ရှိတဲ့ အယ်လ်ကိုင်ဒါအကြီးတန်းခေါင်းဆောင်တစ်ဦးကို အမေရိကန် စစ်တပ်က မောင်းသူမဲ့ယာဉ် ဒရုန်းကို အသုံးပြုပြီး လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။
အမေရိကန်စစ်တပ်ဟာ ဒီ တိုက်ခိုက်မှုကို ဆီးရီးယားတောင်ပိုင်းမှာရှိတဲ့ အမေရိကန် တပ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး ၂ ရက်အကြာမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ အယ်လ်ကိုင်ဒါ အကြီးတန်းခေါင်းဆောင် အက်ဒူဟာမစ်အယ်လ်မာတာ သေဆုံးခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် ပြောခွင့်ရ ပုဂ္ဂိလ်ကလည်း ထုတ်ပြန်အသိပေးပြီးပါပြီ။
“ဒီအယ်လ်ကိုင်ဒါခေါင်းဆောင်ကို ဖယ်ရှားနိုင်လိုက်တာဟာ အမေရိကန်နိုင်ငံသားတွေ၊ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် ထိခိုက်သွားစေမှာဖြစ်တယ်”လို့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ဂျွန်ရစ်စ်ဘီးက သောကြာနေ့မှာ အသိပေးခဲ့တာပါ။
တိုက်ခိုက်မှုမှာ MQ-9 အမျိုးအစား အဝေးထိန်းဒရုန်းလေယာဉ်ကို အသုံးပြုခဲ့တာဖြစ်ပြီး အခြားထိခိုက်မှုတွေတော့ မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။