၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။
အတ္တလန္တာနည်းပြ ဂက်စ်ပါရီနီက မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဦးဆောင်ဂိုး ၂ ဂိုး နဲ့ မန်ယူအသင်းကို အသာရခဲ့ပေမယ့် နောက်ကျ ချေပဂိုးတွေအပြင် အနိုင်ဂိုးပါ ခွင့်ပြုလုပ်လိုက်ရတဲ့အတွက် မချင့်မရဲဖြစ်ခဲ့ပါတယ်။
ဒ့ါအပြင် မန်ယူအသင်းရဲ့ နိုင်ပွဲမှာ ဂိုးသမားဒီဂီယာအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး အတ္တလန္တာအသင်းရဲ့ ဂိုးရလုနီးပါး အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့လို့ မန်ယူအသင်းရဲ့ နိုင်ပွဲက ပိုမိုအသက်ဝင်ခဲ့တာလို့ သူက ဆိုပါတယ်။
အတ္တလန္တာနည်းပြ ဂက်စ်ပါရီနီက “ကျွန်တော်တို့ ရလဒ်ကောင်းကို ထိန်းသိမ်းထားပြီး ခုခံနိုင်မယ်လို့ ထင်ခဲ့တယ်။ သုံးဂိုးတစ်ဂိုးလောက်ထိ ရဖို့ နီးစပ်ခဲ့တယ်။ ဒါပေမဲ့ မန်ယူအသင်း ဂိုးသမား အံ့ဩစရာကောင်းလောက်အောင် အခွင့်အရေး နှစ်ကြိမ်ကို ကာကွယ်မှု ပြုလုပ်ခဲ့တယ်။ နောက်တော့ ၂ ဂိုး ၂ ဂိုးရလဒ်ကို ရောက်သွားတော့တာပဲ”လို့ ဖွင့်ဟပါတယ်။
ချေပဂိုးတွေနဲ့ အနိုင်ဂိုးပါ ခွင့်ပြုလိုက်ရလို့ နည်းပြ ဂက်စ်ပါရီနီက မချင့်မရဲဖြစ်ခဲ့ပေမယ့် အသင်းရဲ့ ကစားသမားအားလုံးကတော့ ပွဲစဉ်မှာ အပြည့်အဝ ပေးဆပ်ကစားနိုင်ခဲ့တယ်လို့ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။
ဒီပွဲစဉ်မှာတော့ အတ္တလန္တာအသင်းအတွက် ဦးဆောင်ဂိုးတွေကို ပါဆာလစ် ၁၅ မိနစ်၊ ဒီမီရယ် ၂၈ မိနစ် တို့က သွင်းယူပေးခဲ့ပြီး မန်ယူအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ရက်ရှ်ဖို့ဒ် ၅၃ မိနစ်၊ မက်ဂွိုင်းယား ၇၅ မိနစ်နဲ့ စီရော်နယ်ဒို ၈၁ မိနစ် တို့က သွင်းယူပေးခဲ့တာပါ။