ပြည်သူအယောင်ဆောင်ထားတဲ့ စစ်အုပ်စုဝင်တွေကို တိုက်ခိုက်သွားမယ်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ပြည်သူအယောင်ဆောင်ထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သွားမယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ ကာကွယ်ရေးတပ်က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းကမြို့နယ်အချို့မှာ စစ်အုပ်စုတပ်တွေဟာ အရပ်ဘက်သုံးကားတွေနဲ့ ညဘက်တွေမှာ လှည့်လည်ကြပြီး အာ ဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကို အလစ်ဝင်ဖမ်းတာနဲ့ အလစ်မှာဝင်ပစ်တာမျိုး ကျူးလွန်ဖို့အတွက် ဖြစ်တယ်လို့ မုံရွာမြို့က တက်ကြွလှုပ်ရှားသူတစ်ဥ◌ီးကပြောပါတယ်။

‘ယူနီဖောင်းမဝတ်ဘဲ ဝင်ဖမ်းတာတွေက အရင်ကတည်းကရှိတယ်။အခုနောက်ပိုင်းကျတော့ အရပ်သုံး ကားတွေပေါ် ဝပ်ပြီးလိုက်လာတာမျိုး၊မိုးကာတာလပတ်တွေအုပ်တာမျိုးနဲ့ တော်ရုံမမြင်နိုင်တဲ့ညဘက် တွေမှာ လှုပ်ရှားလေ့ရှိတယ်’လို့ သူကပြောပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် ပြည်သူအယောင်ဆောင်ထားတဲ့ စစ်အုပ်စုဝင်တွေရဲ့ စစ်ကားတွေနဲ့ အနီးကပ်လိုက်ပါတာမျိုးမလုပ်ဖို့လည်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

စစ်ကိုင်းအတွင်းရှိ မြို့နယ်ချင်းဆက်လမ်း၊မြို့ချင်းဆက်လမ်းနဲ့ကျေးရွာချင်းဆက်လမ်းတွေပေါ် စက်တပ် ယာဥ◌်တွေအနေနဲ့ ည၇နာရီကနေမနက်၅နာရီအထိ လုံးဝဖြတ်သန်းခြင်းမပြုကြဖို့နဲ့ ည၇နာရီမတိုင်မီ အိမ်သို့ အရောက်ပြန်ကြဖို့လည်း အထူးသတိပေးထားပါတယ်။

ဒါ့အပြင် အိမ်စီးကားတွေအနေနဲ့ မှန်တင်မောင်းကြဖို့နဲ့ ကားပေါ်တာလပတ်မအုပ်ကြဖို့လည်း အထူးသတိ ပေးထားပါတယ်။