ဟင်္သာတမြို့ က ရုပ်ရှင်ပရိတ်သတ်တွေနဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့တဲ့ မြန်မာပြည်သိန်းတန်

၂၇ ၊ သြဂုတ် ၊ ၂၀၁၈ ။

ဟင်္သာတမြို့ရဲ့ Paradiso ရုပ်ရှင်ရုံမှာ
အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်ဇါတ်ကားရုံတင်ချိန်မှာ
မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံက ရုပ်ရှင်ကြည့်ပရိတ်သတ်တွေကို လာရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ကြပါတယ် ။
သူတို့ဇနီးမောင်နှံဟာ
ဖျော်ဖြေရေးအစီအစဉ်တွေအတွက် ဟင်္သာတကို ရောက်ရှိနေကြတာ ဖြစ်ပြီး
မြို့ခံတွေရဲ့ ကြိုဆိုဧည့်ခံမှုအပေါ် သဘောကျနှစ်သက်နေကြပါတယ် ။

ဟင်္သာတမြို့က ယခင်က ရုပ်ရှင်ရုံလုပ်ငန်းတွေ ထွန်းကားခဲ့ပြီး
ရုပ်ရှင်ရုံ ၄ ရုံရှိခဲ့ပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ ရုပ်ရှင်လုပ်ငန်းတွေက
စီးပွားရေးအရ တွက်ခြေမကိုက်တဲ့ အခါမှာ လုပ်ငန်းရှင်တွေက ရုပ်ရှင်ရုံတွေကို
ပိတ်သိမ်းခဲ့ကြပါတယ် ။

ဟင်္သာတမြို့ လူထုရဲ့ အပန်းဖြေကဏ္ဍမှာ
ရုပ်ရှင်ရုံတွေ မရှိပဲ ၁၈ နှစ်ကျော်ကြာခဲ့ပြီး နောက်ပိုင်းမှာ အခုတဖန်ပြန်လည်ပြီး Paradiso Cinemas Hinthada ကိုဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ် ။