မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်အသစ် ခန့်အပ်

လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မစ္စတာ ဒန်ချက်နေရာမှာ မစ္စတာပိဗို့ဇ်ကို ခန့်အပ်လိုက်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ရက်နေ့က ကြေညာလိုက်ပါတယ်။

 

သံအမတ်သစ် ပိဗို့ဇ်ဟာ သြဂုတ်လမှာ စတင်တာဝန်ထမ်းဆောင်မှာဖြစ်ပြီး မစ္စတာ ဒန်ချက်ကတော့ တခြားသံတမန်ရေးရာကိစ္စရပ်တွေကို ထမ်းဆောင်ဖို့ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ ပိဗို့ဇ်ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဖရိကနဲ့ အာရှဒေသ ဆိုင်ရာကဏ္ဍတွေနဲ ကျန်းမာရေး ၊ လုံခြုံရေးဆိုင်ရာတာဝန်တွေ ယူခဲ့ဖူး ပါတယ်။

 

ဒါ့အပြင် ၂၀၁၈ ခုနှစ်ကနေ လက်ရှိသံအမတ်သစ် တာဝန်မယူခင်အထိ ဗြိတိန်နိုင်ငံတကာ ဖွံဖြိုးရေးဌာန DFID ရဲ့ အာရှ ၊ ကာရစ်ဘီယံနဲ့ နိုင်ငံခြားဒေသမှားဆိုင်ရာ ညွှန်ကြားရေးမှူးတာဝန်ယူခဲ့ပါတယ်။

 

အရင်ကလည်း အာဖဂန်နစ္စတန်မှာ စီမံအုပ်ချုပ်မှုနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ ၊ ဘင်္ဂလားဒေ့ရှ်မှာ ကမ္ဘာ့ဘဏ်ရဲ့ ကျန်းမာရေးအကြံပေး လုပ်ခဲ့ဖူးပါတယ်။