​မွေး​နေ့ဆု​တောင်း​ပေးတဲ့ ပြည်သူ​တွေကို ​ကျေးဇူးတင်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းစကားပါး

၂၁ ၊ ဇွန်လ ၊ ၂၀၂၁ ။

မွေး​နေ့ဆု​တောင်း​ပေးကြတဲ့ ပြည်သူ​တွေ အားလုံးကို ​ကျေးဇူးတင်တယ်လို့ နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်က ဒီ​နေ့ ဇွန်လ ၂၁ရက်ပြုလုပ်တဲ့ ရုံးချိန်းမှာ သတင်းစကားပါးလိုက်တာပါ။

ဇွန်လ ၁၉ရက်​နေ့က ကျ​ရောက်ခဲ့တဲ့ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ၇၆နှစ်​မြောက်​မွေး​နေ့မှာ တစ်နိုင်ငံလုံးကပြည်သူ​တွေက ပန်းသပိတ်ဆင်နွဲပြီး သူအမြန်ဆုံးပြန်လွတ်​မြောက်ဖို့ ဆု​တောင်း​ပေးခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်သူ​တွေ ကျန်းမာချမ်းသာပါ​စေလို့လည်း ​ဒေါ်​​​အောင်ဆန်းစုကြည်က သူ့ရဲ့ ​ရှေ့​နေက​နေတဆင့် ​ပြောခဲ့ပါတယ်။

​​ဒီ​​နေ့ရုံးချိန်းကို နေပြည်​တော် ​ကောင်စီဝင်းအတွင်း သီးသန့်တရားရုံးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။