
“ဆေးက အချိန်ဆနဲ့ ထည့်တာ။ ပုံမှန်ထည့်နေကြ မဟုတ်တော့ အနံနဲ့ အသားမကျလို့ နေမှာပါ” လို့ YCDC အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှု အရာထမ်းတဦးက ပြောပါတယ်။
၁၃ ၊ ဩဂုတ်
ဝမ်းရောဂါ အဖြစ်များပြီးနောက်ပိုင်းမှာ ရန်ကုန်ရေပေးဝေရေးကနေ သောက်သုံးရေထဲ ကလိုရင်းဆေးခတ်တာ အနံ့ဆိုးပြင်းလွန်းတဲ့အတွက် ဘေးထွက်ဆိုးကျိုးဖြစ်မှာကို မြို့ခံတွေက စိုးရိမ်နေပါတယ်။
“ဆေးခတ်တာက အကြောင်းမဟုတ်ဘူး။ အခုက အနံအရမ်းပြင်းတော့ အချိန်အဆ များနေတာလားလို့ သံသယဖြစ်တာ။ ချက်ပြုတ်တာကို ပိုက်လိုင်းရေမသုံးပဲ ရေသန့်သုံးနေရတယ်” လို့ လသာမြို့နယ်မှာနေသူတဦးကပြောပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မ တီ(YCDC)က ဝမ်းပျက်၊ ဝမ်းလျှော အဖြစ်များတဲ့ မြို့နယ်တွေဆီ ပေးလွှတ်တဲ့ ရေပိုက်လိုင်းထဲ ကလိုရင်းဆေးထည့်ပြီး ဖြန့်ဖြူးနေတာပါ။ သြဂုတ် ၁၂ ရက်ကစပြီး ကလိုရင်းဆေး ပါဝင်တဲ့ရေတွေကို ဖြန့်ဝေပေးနေတာလို့လည်း YCDC က အသိပေးထား ပါတယ်။

ရေပိုက်လိုင်းကနေ ပေးလွှတ်တဲ့ သောက်သုံး ရေမှာ ကျန်းမာရေး ထိခိုက်နိုင်တဲ့ ပိုးမွှားတွေ မရှိရအောင် ကလိုရင်းဆေးခတ်တာဖြစ်ပြီး ဆေးအနံ့ဆိုးကြောင့် မစိုးရိမ်ဖို့ YCDCကအသိ ပေးထားပေမယ့် သုံးစွဲသူတွေကတော့ သံသယရှိနေကြတာ ဖြစ်ပါတယ်။
“ဆေးက အချိန်ဆနဲ့ ထည့်တာ။ ပုံမှန်ထည့်နေကြ မဟုတ်တော့ အနံနဲ့ အသားမကျလို့ နေမှာပါ” လို့ YCDC အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမူ)မူ အရာထမ်းတဦးက ပြောပါတယ်။
ကလိုရင်းဆေးမှာ ရေထဲမှာရှိတဲ့ပိုးမွှားတွေကို ကင်းစင်အောင်သတ်နိုင်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြု အပျော့စား ပိုးသတ်ဆေး အမျိုးအစားဖြစ်ပြီး အချိန်ဆများများ ထည့်သုံးရင် အရေပြား ထိခိုက်မှုနဲ့ အော့အန် ဓာတ်မတည့်တဲ့ လက္ခဏာ ဖြစ်တတ်တယ်လို့ ကျန်းမာရေးဆိုင်ရာ သတိပေး ချက်တွေအရ သိရပါတယ်။
Photo-YCDC
#ရန်ကုန် #ဝမ်းရောဂါ #ရေ #ကလိုရင်း
#DeltaNewsAgency #DNA