
မြို့သစ်ရပ်ကွက် မြေနိမ့်ပိုင်းမှာ ရေအနက် (၄) ပေ နီးပါး၊ကျောက်ကြီးစုရပ်ကွက် နေရာတချို့မှာ ရေအနက် (၂) ပေ နီးပါးနဲ့ ကလျာဏီရပ်ကွက်ရဲ့ မြေနိမ့်ပိုင်းတွေဖြစ်တဲ့ နယ်မြေ (၄)၊ (၆)၊ (၁၆) နဲ့ (၂၁) တို့မှာလည်း ရေအနက် (၂) ပေနီးပါလောက် နစ်မြုပ်လာတဲ့ အခြေအနေ ရှိနေရှိနေပါတယ်။
၂၉၊ဇူလိုင်
ဒီနေ့ နေ့လည်အထိ စိုးရိမ်ရေမှတ်အောက် ၈၅၃ စင်တင်မီတာအထိ ရောက်နေပြီး ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၈၈၀ စင်တင်မီတာကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက ကြေညာလိုက်ပါတယ်။ဒါပေမယ့် ပဲခူးမြို့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ မြစ်ရေစတင်ဝင်ရောက်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။
“အနိမ့်ပိုင်းက နေရာရွှေ့ပြောင်းတဲ့သူတွေပြောင်းနေကြတယ်။ မြစ်ရေကထပ်တက်မှာဆိုတော့ အခြေအနေကိုမျက်ခြေမပြတ်နားစွင့်နေရတာ။ ဒီကြားထဲမိုးပါထပ်ပါရင် မ လွယ်ဘူး ” လို့ ကလျာဏီရပ်ကွက်မှာနေသူတဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ စိုးရိမ်ရေမှတ်ရောက်ဖို့ သိပ်မလိုတော့သလို ပဲခူးမြို့ရဲ့ အနိမ့်မှာရှိတဲ့ ရပ်ကွက်တွေမှာ ရေဝင်ရောက်လာပြီး တချို့နေရာတွေ လမ်းပေါ်လေးပေလောက်အထိ ရေနစ်မြုပ်မှု ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ပဲခူးမြို့ရဲ့ အနိမ့်ပိုင်း နေရာတွေမှာ ဇူလိုင် ၂၉ ရက် မနက်အစောပိုင်းကစပြီး ရေဝင်ရောက်လာတာ ဖြစ်ပြီး အခုနောက်ဆုံး တိုင်းတာချက်တွေအရ မြို့သစ်ရပ်ကွက် မြေနိမ့်ပိုင်းမှာ ရေအနက် (၄) ပေ နီးပါး၊ကျောက်ကြီးစုရပ်ကွက် နေရာတချို့မှာ ရေအနက် (၂) ပေ နီးပါးနဲ့ ကလျာဏီရပ်ကွက်ရဲ့ မြေနိမ့်ပိုင်းတွေဖြစ်တဲ့ နယ်မြေ (၄)၊ (၆)၊ (၁၆) နဲ့ (၂၁) တို့မှာလည်း ရေအနက် (၂) ပေနီးပါလောက် နစ်မြုပ်လာတဲ့ အခြေအနေ ရှိနေပြီလို့ ဒေသတွင်းလူမှုအဖွဲ့အစည်း အချက်အလက်တွေအရ သိရပါတယ်။
Photo- လူမူကွန်ရက်