အိန္ဒိယဝန်ကြီးချုပ် မိုဒီ လာမယ့်သီတင်းပတ်မှာ အင်ဒိုနီးရှား၊ ဩစတြေးလျနဲ့ နယူးဇီလန်ကို သွားရောက်မယ်

အဆိုပါ ခရီးစဉ်ဟာ ဇူလိုင် ၈ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

၄ ၊ ဇူလိုင်

အိန္ဒိယနိုင်ငံအနေနဲ့ ဒေသတွင်း မဟာဗျူဟာမြောက် ဆက်ဆံရေးတွေကို မြှင့်တင်ဖို့ ကြိုးပမ်းနေချိန် ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီဟာ လာမယ့်သီတင်းပတ်မှာ အင်ဒိုနီးရှား၊ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေကို သွားရောက်မယ်လို့ သိရပါတယ်။

အဆိုပါ ခရီးစဉ်ဟာ ဇူလိုင် ၈ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

မိုဒီဟာ ပြီးခဲ့တဲ့နှစ် မတ်လက မောရစ်ရှနိုင်ငံနဲ့ ပြီးခဲ့တဲ့ လက ဆေးရှဲလ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ရဲ့ “Act East” အရှေ့ဘက်ကို ရှေးရှုလှုပ်ရှားဆောင်ရွက်ရေး မူဝါဒအောက်မှာ အရှေ့ဘက် ရေကြောင်းဒေသကို သံတမန်ရေးရာဆိုင်ရာတွေ အဓိကထားလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုက အိန္ဒိယသမုဒ္ဒရာရဲ့ အရှေ့ဘက် ရေကြောင်းဇုန်တွေနဲ့ Act East အရ ပတ်သက်ဆက်နွှယ်မှုတွေဆီကို ပြောင်းလဲသွားပါပြီ” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ ရုဒရန်ဒရာ တန်ဒန် က သောကြာနေ့ ဇူလိုင် ၃ ရက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မိုဒီဟာ ဇူလိုင် ၈ ရက်နှင့် ၉ ရက်တို့မှာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဂျာကာတာမြို့မှာ ဆွေးနွေးပွဲတွေ ပြုလုပ်ရန် စီစဉ်ထားပါတယ်။ အဲ့ဒီကနေတဆင့် သမိုင်းဝင် ယိုဂယားကားတားမြို့နဲ့ ယူနက်စကိုစာရင်းဝင် ပရမ်ဘာနန်ဘုရားကျောင်းဝင်းကို ဆက်သွားမယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားခရီးစဉ်အတွင်း မိုဒီဟာ ရေကြောင်းလုံခြုံရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးတွေအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ အဆင့်မြင့်အရာရှိ တန်ဒန်က ပြောပါတယ်။

အဲဒီနောက် မိုဒီဟာ ၂၀၂၀ ပြည့်နှစ်တွင် စတင်ခဲ့တဲ့ နှ (၃) ကြိမ်မြောက် အိန္ဒိယ-ဩစတြေးလျ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဖို့ ဇူလိုင် ၁၀ ရက်နေ့မှာ မဲလ်ဘုန်းမြို့ကို ခရီးဆက်မှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ကာကွယ်ရေး၊ နိုင်ငံခြားရေးမူဝါဒနဲ့ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်မယ့်အပြင် တွင်းထွက်ပစ္စည်းတွေ၊ ဆိုက်ဘာလုံခြုံရေး၊ ထောက်ပံ့ရေးကွင်းဆက် ကြံ့ကြံ့ခံနိုင်နဲ့  တိုးတက်လာတဲ့ နည်းပညာအပါအဝင် နယ်ပယ်သစ်တွေကိုလည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ္။

မိုဒီဟာ ဇူလိုင် ၁၁ ရက်နေ့ နယူးဇီလန်နိုင်ငံမှာ ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပြီး ဝန်ကြီးချုပ် ခရစ္စတိုဖာ လူဇွန်နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

အခုနှစ် ဧပြီ ၂၇ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အိန္ဒိယ-နယူးဇီလန် လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက် (FTA) အရ နယူးဇီလန်ကို တင်ပို့တဲ့ အိန္ဒိယကုန်စည် ၁၀၀ ရာခိုင်နှုန်းအပေါ် အခွန်စည်းကြပ်မှု ကင်းလွတ်ခွင့်ပြုခဲ့ပြီး လာမယ့် ၁၅ နှစ်အတွင်း နယူးဇီလန်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်ကိုလည်း ရရှိထားပြီ ဖြစ်ပါတယ်။

Ref  – AFP