ကနေဒါ ၊ အမေရိကန်နဲ့ ဗြိတိန်က အာဏာသိမ်းစစ်အုပ်စုအပေါ် ထပ်တိုး ဒဏ်ခတ်
ကနေဒါ ၊ အမေရိကန်နဲ့ ဗြိတိန် ပူးပေါင်းပြီး မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်စပ်တဲ့အဖွဲ့အစည်းတွေကို အရေးယူဒဏ်ခတ် စာရင်းသွင်းလိုက်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အပါအဝင် အာဏာသိမ်းစစ်အုပ်စုနဲ့ ပတ်သတ်တဲ့ လူပုဂ္ဂိုလ်
၁၆ဦးကို ဒဏ်ခတ်စာရင်းသွင်းပြီး အမေရိကန်နိုင်ငံသားတွေအနေနဲ့ သူတို့နဲ့ စီးပွားရေးလုပ်ကိုင်ခွင့် ပိတ်ပင်လိုက််ပြီလို့ အမေရိကန်အစိုးရက မေလ ၁၇ရက်နေ့မှာ ပြောပါတယ်။
ဒါ့အပြင် ကနေဒါကလည်း အလားတူ ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာအစိုးရပိုင် Myanmar Gems Enterprise ကျောက်မြတ်ရတနာလုပ်ငန်းကို ဗြိတိန်အစိုးရက အရေးယူပိတ်ဆို့စာရင်းသွင်း လိုက်ပါတယ်။
ကနေဒါအနေနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်၊ အာဏာသိမ်းစစ်အုပ်စုအပေါ် နောက်ထပ်အရေးယူတာတွေလုပ်ဖို့ တွန့်ဆုတ်မှာ မဟုတ်ဘူးလို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Marc Garneau က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းပြည်နယ် ၊မင်းတပ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက စစ်ဖက်သုံး လက်နက်ကြီးတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်တာ လူသားဒိုင်းအဖြစ် အသုံးချတာ စတဲ့ ဖြစ်ရပ်တွေပြီးနောက် အနောက်နိုင်ငံတွေက အခုလို ထပ်တိုးဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။
Ref – aljezeera